DVB Logo
Home
မြန်မာသတင်း
မုဒုံမြို့နယ်တွင် မူးယစ်ဆေးပြား ၁ သိန်းကျော်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
DVB
·
December 28, 2020
မုဒုံမြို့နယ်တွင် မူးယစ်ဆေးပြား ၁ သိန်းကျော်နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
Donate to DVB

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာရှိ အပါချမ်းဆီဆိုင်အနီးမှာ ဒီဇင်ဘာ ၂၇ ရက် ည ၉ နာရီလောက်က စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီး ရမိခဲ့တယ်လို့ မွန်ပြည်နယ်မှုခင်းအကူဌာန တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

သံဖြူဇရပ်ကနေ မော်လမြိုင်ဘက်ကို မောင်းနှင်လာတဲ့ Probox နဲ့ Cheverolet Colorado မော်တော်ယာဉ် ၂ စီးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရပ်တန့် စစ်ဆေးရာမှာ WY/R စာတမ်းပါ မူးယစ်ဆေးပြား ၉၅၀၀ ပါ ပါကင်အထုပ်ကြီး ၁၀ ထုပ်၊ WY/R စာတမ်းပါ မူးယစ်ဆေးပြား ၇၆၀၀ ၊ စုစုပေါင်း ဆေးပြား ၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါ မော်တော်ယာဉ် နှစ်စီးမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦး တွေ့ရှိခဲ့ပြီး အမျိုးသား ၁ ဦးဖြစ်တဲ့ ချမ်းမွန်ဆီကနေ ထိုင်ဝမ်နိုင်ငံထုတ် ပစ္စတို သေနတ် ၁ လက်၊ ကျော်ဘိုဘိုဆီကနေ ဂျာမနီနိုင်ငံထုတ် ပစ္စတို သေနတ် ၁ လက် နဲ့ ကားအတွင်းမှာတော့ အမှတ် ၁၀၂၃ တပ်ရင်း BGF တံဆိပ်ပါ အစိမ်းရောင်  ယူနီဖောင်း ၁ စုံ နဲ့ တူရကီနိုင်ငံထုတ် MK 12  အမျိုးအစား သေနတ် ၁ လက်နဲ့ စုစုပေါင်း ကျဉ်တောင့် ၁၈ တောင့် ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါကြောင့် ချမ်းမွန် အပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးကို မုဒုံမြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၉(က) ၊ ၂၀ (က) အပြင် လက်နက်အက်ဥပဒေ ပုဒ်မ ၂၁ ၊ ၂၂ (ခ) တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

သတင်း - ဇော်လွင်ထွဋ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013