DVB Logo
Home
မြန်မာသတင်း
Time မဂ္ဂဇင်းကို စစ်အာဏာရှင် အပြင်းအထန် ပြစ်တင်ရှုတ်ချ
DVB
·
September 24, 2026
Photo: Time
Photo: Time
Donate to DVB

Time မဂ္ဂဇင်းနဲ့  သတင်းထောက် ချာလီ ကမ်းဘဲလ်ရဲ့ ရေးသားချက်တွေဟာ မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်းမရှိတဲ့အတွက် ပြစ်တင်ရှုတ်ချတယ်လို့ စစ်အာဏာရှင် သတင်းထုတ်ရေးအဖွဲ့က စက်တင်ဘာ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။ 

Time မဂ္ဂဇင်းရဲ့ ဝက်ဘ်ဆိုက်မှာ "အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် မြန်မာ့အာဏာရှင် လိုလားနေ"ဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာ ၂၃ ရက်က သတင်းဆောင်းပါး ရေးသားဖော်ပြခဲ့တဲ့အပေါ် စစ်အာဏာရှင်ဘက်က မကျေမနပ် တုံ့ပြန်ကြေညာလိုက်တာပါ။ 

Time မဂ္ဂဇင်း အနေနဲ့ “the Future of Myanmar” ခေါင်းစဉ်နဲ့ ရေးသားဖော်ပြဖို့ အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူမှတဆင့် ပန်ကြားလာတဲ့အပေါ် ဂုဏ်သိက္ခာရှိတဲ့ သတင်းဌာနတခုဖြစ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က လက်ခံတွေ့ဆုံပြီး မေးခွန်းတွေကို  ဖြေကြားခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ Time မဂ္ဂဇင်းရဲ့ အွန်လိုင်းမှာ ဖော်ပြခဲ့ရာမှာတော့ မူလအင်တာဗျူးဆောင်ရွက်ခဲ့တဲ့ အမေး၊ အဖြေ အင်တာဗျူးပုံစံမဟုတ်ဘဲ ဆောင်းပါးပုံစံနဲ့ ရေးသားဖော်ပြခဲ့တဲ့အပြင်၊ အပြုသဘောမဆောင်တဲ့ ရေးသားချက်တွေ တခြားပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမေးမြန်း သုံးသပ်ချက်တွေကိုလည်း ထည့်သွင်းဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

Time မဂ္ဂဇင်း နဲ့ သတင်းထောက်တို့က မီဒီယာကျင့်ဝတ်နဲ့ မလျော်ညီစွာ နိုင်ငံတကာမှ စစ်အာဏာရှင်အစိုးရနဲ့ မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားစေမဲ့ အသုံးအနှုန်းတွေကို သုံးနှုန်းကာ ရေးသားဖော်ပြခဲ့တဲ့အတွက် ပြစ်တင်ရှုတ်ချကြောင်း စစ်အာဏာရှင်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ် ပြန်ထားပါတယ်။

စစ်အာဏာရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့  ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Time မဂ္ဂဇင်း ဘက်ကတော့ ပြန်လည်တုံ့ပြန်တာ မတွေ့ရသေးပါဘူး။

အွန်လိုင်းမှာဖော်ပြထားတဲ့ Time မဂ္ဂဇင်းရဲ့ အထူးသီးသန့် ဆောင်းပါးမှာတော့ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ အင်တာဗျူးမစခင် ဓာတ်ပုံရိုက်ကူးရာမှာ   မင်းအောင်လှိုင်က သူ့ရဲ့ ပါးလျားနေပြီဖြစ်တဲ့ ဆံပင်တွေကို ဖုံးကွယ်နိုင်ဖို့  မီးထိုးပေးခိုင်းတဲ့အကြောင်းကနေ စတင်ထား ပါတယ်။

ဒီနောက် အလိမ်အညာ ရွေးကောက်ပွဲကနေ   သူ့ကိုယ်သူ သမ္မတလို့  အမည်တပ်ခေါ်ဆိုတဲ့အကြောင်းနဲ့ စစ်အာဏာရှင်ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ကွက်ကွက်ကွင်းကွင်းရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013