DVB Logo
Home
မြန်မာသတင်း
ထပ်နေသည့်မဲနှင့် မသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၆ သောင်းကျော်တွေ့ရှိဟု တပ်မတော်ထုတ်ပြန်
DVB
·
December 27, 2020
ထပ်နေသည့်မဲနှင့် မသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၆ သောင်းကျော်တွေ့ရှိဟု တပ်မတော်ထုတ်ပြန်
Donate to DVB

တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ်တွေက မဲစာရင်းတွေကို စိစစ်နေတာမှာ နောက်ထပ် မြို့နယ် ၃ ခုမှာ ထပ်နေတဲ့မဲစာရင်းနဲ့ မသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းပေါင်း ၆ သောင်းကျော်တွေ့ရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မြစ်ကြီးနား၊ လယ်ဝေးနဲ့ စေတုတ္တရာမြို့နယ်က မဲစာရင်းတွေဖြစ်ပြီး မြစ်ကြီးနားမြို့နယ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၂၃၈၅၇၆ ယောက်နဲ့ တပ်မတော်က စိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) မှာ ၂၃၈၅၇၆ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၇၈၄၅  ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၃၅၃၁ ခုနဲ့ စုစုပေါင်း ၁၁၃၇၆ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

လယ်ဝေးမြို့နယ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၂၂၁၃၈၈ ယောက်နဲ့ တပ်မတော်က စိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) မှာ ၂၁၇၆၂၀ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၅၂၅၅ ခု၊ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၄၃၁၄၂ ခုနဲ့ စုစုပေါင်း ၄၈၃၉၇ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

စေတုတ္တရာမြို့နယ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၃၄၆၅၁ ယောက်နဲ့ တပ်မတော်က စိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) မှာ ၃၄၆၀၉ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၃၃၀  ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက်မရှိဘဲ စုစုပေါင်း ၃၃၀ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်ကလည်း အောင်မြေသာဇံမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နဲ့ တနိုင်းမြို့နယ်တို့က မဲစာရင်းတွေအပေါ် အခုလိုထုတ်ပြန်ခဲ့သလို ကော်မရှင်အဖွဲ့ခွဲတချို့ရဲ့ တာဝန်ရှိသူတွေက ဘယ်ကရယူထားမှန်းမသိတဲ့ မဲစာရင်းတွေနဲ့ စွပ်စွဲနေတယ်လို့  ပြောဆိုထားခဲ့တာရှိပါတယ်။

ဒီတကြိမ် တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ တရားမဝင် အွန်လိုင်းက အချက်အလက်တွေက ရယူထားတာမဟုတ်ဘဲ ခိုင်မာတဲ့ အရင်းအမြစ်တွေက ရတဲ့မဲစာရင်း ပုံစံ ၁ တွေကို စိစစ်ထားတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013