DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၄၇ ဦးထပ်တွေ့၊ လူနာ စုစုပေါင်း ၂၄၃၆ ဦးရှိလာ
DVB
·
December 27, 2020
မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၄၇ ဦးထပ်တွေ့၊ လူနာ စုစုပေါင်း ၂၄၃၆ ဦးရှိလာ
Donate to DVB

မကွေးတိုင်းမှာ ဒီဇင်ဘာ ၂၆ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၇ ဦး ထပ်မံတွေရှိခဲ့ပြီး လူနာ စုစုပေါင်း ၂၄၃၆ ဦး ရှိပြီလို့ တိုင်းကျန်းမာရေးက ထုတ်ပြန်ပါတယ်။

ပိုးတွေ့လူနာတွေမှာ စလင်းမြို့က ၁၅ ဦးနဲ့ အများဆုံးဖြစ်ပြီး မကွေးက ၈ ဦး၊ ပခုက္ကူ ၄ ဦး၊ အောင်လံနဲ့ ပွင့်ဖြူတို့က ၃ ဦးစီ၊ အောင်လံ၊ သရက်၊ ဂန့်ဂေါနဲ့ မြို့သစ်တို့က ၂ ဦးစီ၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ နတ်မောက်၊ ချောက်၊ မင်းဘူးနဲ့ မကွေးတို့က ၁ ဦးစီဖြစ်ပါတယ်။

မကွေးမြို့က လူနာ ၈ ဦးဟာ RDT Test Kit နဲ့ စစ်ဆေးခဲ့တာဖြစ်ပြီး အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိသူ   ၅ ဦး၊ ခရီးသွားရာမှ အသွားအလာကန့်သတ်ထားသူ ၁ ဦး၊ ပိုးတွေလူနာတွေနဲ့ ထိတွေ့မှုမရှိသူ အနံ့ပျောက် ၁ ဦးနဲ့ PUI ၁ ဦးတို့ ဖြစ်ပါတယ်။ ကျန် ၃၆ ဦးကတော့ NHL ကို ပေးပို့စစ်ဆေးခဲ့တာပါ။

ပိုးတွေ့လူနာတွေအနက် စလင်းက ၁၃ ဦး၊ အောင်လံက ၂ ဦး နဲ့ ဂန့်ဂေါက ၁ ဦးတို့မှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ  ဖြစ်ပြီး ကျန်သူတွေက ကွာရန်တင်း စင်တာတွေက ဖြစ်ပါတယ်။

မကွေးတိုင်းမှာ ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၄၃၆ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013