DVB Logo
Home
မြန်မာသတင်း
၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ
DVB
·
December 26, 2020
၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ
Donate to DVB

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ငွေကျပ် ၆ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

အကောက်ခွန်ဦးစီးဌာန ၀န်ထမ်းတွေပါ၀င်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်က ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းမှာ ၆ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်း ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

ယာဉ်ပေါ်မှာ တားမြစ်ကန့်သတ် ကုန်ပစ္စည်းတွေ ပါတာကြောင့် ပြည်ကြီးတံခွန်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှူးရုံးကို မောင်းနှင်ကာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အသေးစိတ်ရှာဖွေခဲ့ရာ ယာဉ်ပေါ် စက္ကူဂျပ်ဖာတွေအတွင်း အိုက်စ် ၃၄၃ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။

စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲအချိန်လောက်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၂ လမ်းနှင့် လမ်း ၁၂၀ ကြား၊ အမှတ်(ညည-၅၉/၅၅) မှာ ရဲစိန်နဲ့ ညနေ ၄ နာရီအချိန်လောက်က စက်မှု (၂)ရပ်ကွက်၊ လမ်း ၆၀ နဲ့ ၆၁ လမ်းကြား၊ အမှတ်(၁၄၀) မှာ ယာဉ်မောင်း သန်းစိုးတို့အား ဖမ်းဆီးမိခဲ့ပါတယ်။

ရဲစိန် (၄၂-နှစ်)၊ သန်းစိုး (၃၈-နှစ်)တို့အား ဥပဒေအရအမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013