DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံကို ဆန်တင်ပို့မှု ခေတ္တရပ်နားမည်
DVB
·
December 26, 2020
တရုတ်နိုင်ငံကို ဆန်တင်ပို့မှု ခေတ္တရပ်နားမည်
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မြန်မာ-တရုတ်နယ်စပ်ကတဆင့် တရုတ်နိုင်ငံကို ဆန်တင်ပို့မှု ပါမစ်ကုန်သွားတဲ့အတွက် ခေတ္တ ခဏ ရပ်နားထားမယ်လို့ မူဆယ် ဆန်စပါး ကုန်စည်ဒိုင်၊ ဒု-ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။

“ပိတ်တာ မဟုတ်ဘူး။ ၂၀၂၀ ဆန်ပါမစ်က ဒီဇင်ဘာ ၃၁ မှာ ကုန်သွားပြီ။ အခုကတော့ ပို့လို့ ရတယ်။ ၂၀၂၀ ဒီဇင်ဘာ ၃၁ ထိ ပို့လို့ရတယ်။ ဒါပေသည့် ၂၀၂၁ မှာလည်း ပါမစ်တွေ ထပ်ထုတ်ပေးမယ်။ ၂၀၂၁ ဇန်နဝါရီလမှာ သူက စ Run မှာ ဆိုတော့ ဖေဖော်ဝါရီ ၁ ရက် လောက်ထိ ကြာမှာ။”

၂၀၂၁ အတွက် ပါမစ်မရသေးတဲ့အတွက် ဇန်နဝါရီလမှာ ဝင်လို့မရတာဖြစ်ပြီး ဒီအတွက် တရုတ်ပြည်ကို ဆန်သွားလို့ မရပေမယ့် စကွဲကတော့ ဇန်နဝါရီလလည်းဝင်လို့ရပြီး ၂၀၂၁ ဆန် ပါမစ်အတွက် စာရွက်စာတမ်း Run မှာနဲ့  Company စိစစ်မှာတွေကြောင့် ၂၀၂၁ ဇန်နဝါရီလမှာ တစ်လလောက် ခဏတာ သွားလို့ မရဘူးဖြစ်သွားတာလို့ ထပ်မံရှင်းပြပါတယ်။

မူဆယ် မြန်မာ-တရုတ်နယ်စပ်ကနေ တရုတ်နိုင်ငံကို ဆန်တင်မှုက ၂၀၂၀ ထက် ၂၀၂၁ မှာ ကုမ္ပဏီတွေ ၃ ဆ လောက် ပိုပေးမှာဖြစ်တဲ့ အတွက် ခု ၂၀၂၀ သွားနေတဲ့ ဆန်ထက် ၃ ဆလောက် တရုတ်ပြည်ကို သွားလို့ ရမှာဖြစ်ပြီး  တရုတ်ပြည်ထဲက ဝယ်လိုအား ကောင်းတဲ့အတွက် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဆန်ရောင်းဝယ်တာတွေလည်း ပိုပိုကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

“လာမယ့်နှစ် ၂၀၂၁ မှာလည်း တရုတ်အစိုးရကနေပြီးတော့ တရုတ်ကုန်သည်တွေကို ပါမစ် ၂၀၂၀ ထက် ၃ ဆ လောက်ပိုပြီး ထုတ်ပေးမယ်။ ၂၀၂၁ မှာ တရုတ်-မြန်မာ နယ်စပ်ကနေပြီးတော့ ဆန်အရောင်းအဝယ်ရေးက ၂၀၂၀ ထက် ပိုပြီးတော့ တိုးတက်လာမယ်။”

မြန်မာနိုင်ငံကနေ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံ ၅ နိုင်ငံမှာ တရုတ်နိုင်ငံလည်း ပါဝင်ပြီး ၂၀၂၀ အောက်တိုဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ တရုတ်နိုင်ငံကို ဆန်တန်ချိန် ၂ သိန်းခွဲကျော်၊ တန်ဖိုး ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုး တင်ပို့နိုင်​ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - Pra Jaw၊ Photo - MRF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013