DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ်တွင် ကိုဗစ် -၁၉  ကူးစက်ခံရသူ ၁ ဦး ပထမဆုံး သေဆုံး 
DVB
·
December 25, 2020
ဖားကန့်မြို့နယ်တွင် ကိုဗစ် -၁၉  ကူးစက်ခံရသူ ၁ ဦး ပထမဆုံး သေဆုံး 
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတဦး ဒီမနက်က သေဆုံးသွားခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က အတည်ပြုပြောကြားခဲ့ပါတယ်။

သေဆုံးသူဟာ လုံးခင်းကျေးရွာအုပ်စု  ပိုးတွေ့လူနာနဲ့ထိစပ်သူတွေထားတဲ့ စင်တာမှာ သီသန့်ထားရှိတာဖြစ်ပြီး၊ ဒီဇင်ဘာ ၂၁ ရက်နေ့က RTD Test kick နဲ့စစ်ဆေးရာမှာ ပိုးမတွေ့ခဲ့ တာကြောင့် ဒုတိယအကြိမ် စစ်ဆေးဖို့ စီစဉ်နေချိန်မှာ သေဆုံးခဲ့တာလို့ ဆရာဝန်ကြီးက ပြောပါတယ်။

"ပထမတကြိမ် စစ်တော့ နဂ္ဂတစ်ပြတယ်။ ဒုတိယအကြိမ် ပြန်စစ်ဖို့ ပြင်ဆင်ချိန် ဒီမနက်မှပဲဆုံးသွားတာ။ ဆုံးတဲ့အချိန်မှာ စစ်ကြည့်တော့ Positive တွေ့ရတယ်" လို့ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ်။

သေဆုံးသူဟာ အသက် ၇၅ နှစ်အရွယ်အမျိုးသားဖြစ်ပြီး မသေဆုံးခင် ဒီဇင်ဘာ ၂၄ ရက်နေ့ညအထိ ကိုဗစ်-၁၉ရောဂါ လက္ခဏာ တစုံတရာမရှိဘဲ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက် သူ့အိပ်ယာမှာ သေဆုံးနေတာကို တွေ့ခဲ့ရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်းဟာ ဒီဇင်ဘာ ၂၄ ရက်နေ့ ည ၁၂ နာရီအထိ ၃၇၇ ဦးရှိပြီဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ဟာ ကိုဗစ် -၁၉ ကူးစက်ခံရသူများပြားနေတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက stay at home နေထိုင်ဖို့ အမိန့်ထုတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဇော်မိုးထက်(ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013