DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ အခမဲ့စစ်ဆေးပေးနေ
DVB
·
December 24, 2020
ချင်းမိုင်တွင် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ အခမဲ့စစ်ဆေးပေးနေ
Donate to DVB

ထိုင်းနိုင်ငံ စာမွတ်စာခွန်က မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားပေါင်း တစ်ထောင်ကျော်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး တွေ့ရှိတဲ့နောက် တနိုင်ငံလုံးက ရွှေ့ပြောင်းအလုပ်သမားတွေ စုပြုံနေတဲ့ နေရာတွေကို ကိုဗစ်-၁၉ ရှာဖွေစစ်ဆေးဖို့  ထိုင်းအစိုးရက ထုတ်ပြန်ညွှန်ကြားထားပါတယ်။

မြန်မာအလုပ်သမားအများစု နေထိုင်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း ဒီဇင်ဘာ ၂၁ ရက်နေ့ကစပြီး ကိုဗစ်-၁၉ စစ်ဆေးရေးအဖွဲ့က နယ်လှည့်စစ်ဆေးရေးတွေ ဆောင်ရွက်နေပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့က ရွှေ့ပြောင်းအလုပ်သမား အများအပြားရှိတဲ့ ခမ်းထိန့် သစ်ပင်ပန်း မာလ်ရောင်းချနေတဲ့ ဈေးထဲကိုအရင်ဝင်ပြီး အလုပ်သမားပေါင်း ၃၀၀ ကျော်ကို ကိုဗစ်-၁၉ စစ်ဆေးခဲ့တယ်လို့  ချင်းမိုင်မြို့တော် မြူနီစီပါယ်ဝန်ရုံး ကျန်းမာရေးဌာန ညွှန်မှူး ဒေါက်တာ ခနိုင်း ဆာရဖိုတေက ပြောကြောင်း ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ ချင်းမိုင်ဈေးကြီး၊ တလတ်မိန်းမိုင်ကုန်စိမ်းဈေး နဲ့ တကွ ပင်လယ်စာ ရောင်းချနေတဲ့ ဆိုင်ပေါင်း ၂၀ ကျော်က မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၆၀၀ ကျော်ကို စစ်ဆေးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ချန့်ဖိုတ်ရပ်ကွက်ရှိ ဝပ်ပါပေါက်ဘုန်းကြီးကျောင်းအနောက်က အွန်အားရီးရပ်ကွက်ထဲမှာ စစ်ဆေးခဲ့ပြီး  ချင်းမိုင်မြို့တွင်းရှိ အခြားဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလည်း သွားရောက်စစ်ဆေးပေးနေပါတယ်။

အခုလို စစ်ဆေးရာမှာ အလုပ်သမားတွေဟာ တရားဝင်သည်ဖြစ်စေ တရားမဝင်သည်ဖြစ်စေ အခမဲ့ လာရောက်စစ်ဆေးနိုင်ပြီး  ဖမ်းဆီးမှုတွေလည်း မရှိပါဘူးလို့  သက်ဆိုင်ရာက ကြေညာထားပါတယ်။

ချင်းမိုင်ရွှေ့ပြောင်းလုပ်သားတွေကြားမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိတဲ့သတင်းတော့ မတွေ့သေးပါဘူး။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကတော့ ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်က အလှပြင်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ဇာတိဖြစ်တဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယမြို့မှာ ဆန္ဒမဲသွားပေးပြီးအပြန် ကိုဗစ် ၁၉ ပိုးစစ်ဆေးတွေ့ရှိလို့ မဲ့အိုင်းမြို့နယ်ရှိ ရပ်ကွက် ၃ ခုလို့ လော့ဒေါင်းချထားပါတယ်။

ချင်းမိုင်ခရိုင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားပေါင်း ၄ သောင်းကျော်ရှိပြီး တရားမဝင်အလုပ်သမားတွေနဲ့ပါဆို ရွှေ့ပြောင်းလုပ်သားပေါင်း ၁ သိန်းကျော်ရှိ နိုင်ပြီး အများစုက မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013