DVB Logo
Home
မြန်မာသတင်း
ဖရူဆိုမြို့နယ်တွင် ရေခမ်းခြောက်မှုကြောင့် ရေအခက်အခဲ ကြုံတွေ့နေရ
DVB
·
December 24, 2020
ဖရူဆိုမြို့နယ်တွင် ရေခမ်းခြောက်မှုကြောင့် ရေအခက်အခဲ ကြုံတွေ့နေရ
Donate to DVB

ကယားပြည်နယ်မှာ ဖရူဆိုမြို့နယ်မှာ နိုဝင်ဘာလကတည်းက ရေအရင်းအမြစ်တွေ ခမ်းခြောက်နေတဲ့အတွက် ဒေသခံတွေ ရေအခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။ 

“ဖရူဆိုမြို့နယ်မှာ ဒီနှစ်ကတော့ ရေရှားပါးတာ ခါတိုင်းနှစ်ထက်ပိုဆိုးတာပေါ့နော်။ ခါတိုင်းနှစ်ဆိုရင် မတ်လကနေစတယ်။ အရင်နှစ်ဆိုလို့ရှိရင် ဇန်နဝါရီလကနေ စတာတာပေါ့။ ဒီနှစ်ကတော့ နိုဝင်ဘာကတည်းကိုက ရေအရင်းအမြစ်ခန်းခြောက်တာတွေ ဖြစ်လာတာပေါ့နော်။ ဆိုတော့ နှစ်ထက်တနှစ် ရေပြဿနာတွေက ကြီးလာတဲ့ပေါ်မှာ အစိုးရအနေနဲ့ ပြင်ဆင်မှုဘာတွေရှိလဲ ဆိုတဲ့ဟာမျိုး ကျနော်ကတော့ လွှတ်တော်ထဲမှာ မေးခွန်းမေးမြန်းတာ ရှိတာပေါ့နော်။ အခုဆိုရင် တော်တော်များများကလည်း ရေအခက်အခဲတွေ တော်တော်ကြုံတွေ့နေရပြီရွာတွေက၊ တချို့လည်း အလှူရှင်တွေလာပြီး လှူဒါန်းတာတွေလုပ်တယ်။ အစိုးရဘက်ကနေ သိတဲ့အတိုင်းပေါ့ သတ်မှတ်ကာလ မရောက်သေးဘူးဆိုလို့ရှိရင် ရေလှူဒါန်းတဲ့ကိစ္စတွေက မဆောင်ရွက်နိုင်တဲ့အနေအထားမျိုးရှိနေတာပေါ့။ တချို့ဟာတွေက အစိုးရက ရေလှူဒါန်းမယ့်ရေကိုပဲ စောင့်နေမယ်ဆိုလို့ရှိရင် တော်တော်လေး အခက်အခဲကြုံနေရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ”

ဖရူဆိုမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်တချို့အပါအဝင် ကျေးရွာ ၃၀၊ ၄၀ လောက် ရေရှားပါးမှုနဲ့ ကြုံတွေ့နေရပြီး တချို့ကတော့ အလှူရှင်တွေလာရောက်လှူဒါန်းတာတွေရှိသလို တချို့ကတော့ ကိုယ်ထူကိုယ်ထ ရေရှိရာမှာ သွားရောက်ခတ်ယူနေရပါတယ်။

ရေအခက်အခဲကြုံတွေ့နေရတဲ့ ဖရူဆိုမြို့နယ်အတွက် အစိုးရအနေနဲ့ ဘဏ္ဍနှစ်အလိုက် စိစဉ်ဆောင်ရွက်ထားတာကို သိရှိလိုကြောင်း ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ကယားပြည်နယ်လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) မှာ ဦးသဲရယ်က မေးမြန်းခဲ့ပါတယ်။ 

ဒီမေးမြန်းမှုနဲ့ပတ်သက်ပြီး ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးမော်မော် ဖရူဆိုမြို့နယ်ရေရှားပါးတဲ့ ကျေးရွာတွေကို ပြည်ထောင်စုအစိုးရ ရန်ပုံငွေရော၊ ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ပါ လုပ်ဆောင်ပေးနေကြောင်း ပြောပါတယ်။ 

“ဖရူဆိုမြို့နယ်မှာရှိတဲ့ကျေးရွာများ၊ ရေရှားပါးကျေးရွာများအပါအဝင် နှစ်စဉ်သောက်သုံးရေ လုံလောက်စွာရရှိဖို့အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၂-၁၃ ဘဏ္ဍရေးနှစ်ကနေပြီးတော့ ၂၀၁၉-၂၀ ဘဏ္ဍရေးနှစ်အထိ ပြည်ထောင်စုရော၊ ပြည်နယ်ရန်ပုံငွေကျပ် ၉၉၃.၈၆၁ သန်းဖြင့် ကျေးရွာ ၉၇ ရွာကို ရေရရှိရေးအတွက် ၉၆ ခု ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၀-၂၁ ဘဏ္ဍရေးနှစ်မှာ ရေရှားကျေးရွာများအတွက် ကျေးရွာ ၈ ရွာကို ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၁၆၂.၁၈ သန်းနှင့် ကျေးလက်ရေရရှိရေး ပြည်နယ်အစိုးရ မူလရန်ပုံငွေတွေနဲ့ ၁၀၈.၁၁၉ သန်းနှင့် ကျေးရွ ၉ ခုတို့ကို ကျေးလက်ရေရရှိရေး ဆောင်ရွက် ပေးနေပြီမိုလို့ အခုလာမယ့် ၂၁-၂၂  ဘဏ္ဍရေးနှစ်မှာလည်း ပြည်ထောင်စုရော ပြည်နယ်ရော အစိုးရရန်ပုံငွေအသီးသီးနဲ့ ရေရှားပါးတဲ့ကျေးရွာတွေကို ကျေးလက်ရေရရှိရေး လုပ်ငန်းရာထားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်‌။” 

ဖရူဆိုမြို့နယ်မှာ ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာ ၁၁၄ ရွာ၊ အိမ်ခြေ ၅၂၃၆၊ လူဦးရေ ၁၇၄၉၅ ဦးရှိပြီး ရေလွှမ်းခြုံမှုကတော့ ၇၀ ရာခိုင်နှုန်းလောက်ရှိကြောင်းလည်း ဦးမော်မော်က ပြောပါတယ်။ 

ဒါ့အပြင်  ကယားပြည်နယ်မှာ ရေကောင်းရေသန့်ရရှိမှု စစ်တမ်းအရ လူ ၁၀ ဦးမှာ ၆ ဦးသာ ရေကောင်းရေသန့်ရရှိပြီး ၄ ဦးမှာ ရေအခက်အခဲဖြစ်နေတာ လေ့လာတွေ့ရှိရတယ်လို့ စစ်တန်းတွေနဲ့တူ ရှင်းပြခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013