DVB Logo
Home
မြန်မာသတင်း
မန္တလေး အရိုးအထူးကုဆေးရုံကြီး ဌာနခွဲစာရေးကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချ
DVB
·
December 24, 2020
မန္တလေး အရိုးအထူးကုဆေးရုံကြီး ဌာနခွဲစာရေးကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချ
Donate to DVB

အဂတိလိုက်စားမှုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေး အရိုးအထူးကုဆေးရုံကြီးရဲ့ ဌာနခွဲစာရေးကို ထောင်ဒဏ် ၂ နှစ်ကျခံစေဖို့ ဒီဇင်ဘာလ ၂၃ ရက်နေ့က အမိန့်ချမှတ်ခဲ့တယ်လို့ ချမ်းမြသာစည်မြို့နယ် တရားရုံးကနေ သိရပါတယ်။

ယခင် ဌာနခွဲစာရေး ဦးအောင်ကျော်ဦး (ယခု ဦးစီးအရာရှိ (အုပ်ချုပ်/စီမံ)၊ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန) ဟာ လုပ်ငန်းရှင်တဦးဆီကနေ မန္တလေး အရိုးအထူးကုဆေးရုံကြီးမှာ  စက်ဘီးဆိုင်ကယ် အပ်နှံခကောက်ခံခြင်း လုပ်ငန်း တင်ဒါရရှိအောင် ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ဌာနတွေကိုပေးဖို့ အကြောင်းပြကာ ငွေကျပ် ၅ သိန်းတောင်းခဲ့တာ ဖြစ်ပါတယ်။

ချမ်းမြသာစည်မြို့နယ် တရားရုံးတာဝန်ရှိသူတစ်ဦးက "တရားရုံး ဆုံးဖြတ်ချက်က အမှန်တကယ် အကူအညီတောင်းခံတယ်ဆိုရင် ကိုယ့်ရဲ့ဌာနနဲ့ အခြားဌာနတွေရဲ့ အမည်ကို ပြောစရာမလိုဘဲ အခြားဌာနတွေရဲ့ အမည်ကို ပြောချင်းဟာ သူ့ကိုယ်ကျိုးအတွက်လို့ ယူဆတဲ့အတွက် ၅၇ အရအပြစ်ပေးလိုက်တယ်"လို့ ပြောပါတယ်။

ဒါ့အပြင် အခြားအမျိုးသားတဦးဆီကလည်း ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်မှာ လုပ်ငန်း ‌တင်ဒါရရှိဖို့ ဆေးရုံအုပ်ကြီးကို ပြောပေးမယ်လို့ အကြောင်းပြကာ ငွေကျပ် ၇ သိန်း တောင်းယူပြီး ကင်မရာနဲ့ ကွန်ပျူတာဝယ်ယူဖို့ အသုံးပြုခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ချမ်းမြသာစည်မြို့နယ် တရားရုံး တာဝန်ရှိသူတစ်ဦးက "ထုချေတာက ဌာနပိုင် ဆရာဝန်ကြီးတွေ ပစ္စည်းလို့ ပြောတယ်။ ဒေါက်တာအောင်သင်း လက်ထက် ဝယ်ပေးတယ်ပြောပေမဲ့ သက်သေအထောက်အထား မပြနိုင်ဘူး၊ ဌာနပိုင်ပစ္စည်း မှန်ကန်တယ်ဆိုရင် ဌာနတာဝန်ရှိတဲ့ ဆေးရုံအုပ်ကြီးတွေကလည်း တင်ပြတောင်းဆိုတာ မရှိတဲ့အတွက် ဒီအမိန့် ချလိုက်တာ" လို့ ပြောပါတယ်။

ဦးအောင်ကျော်ဦးအပေါ် တိုင်ကြားချက်တွေအရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလိုပြုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၇ နဲ့ အမှုဖွင့်တရားဆိုခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားခဲ့မှုအတွက် ချမ်းမြသာစည်မြို့နယ် တရားရုံးကနေ ရာဇဝတ်ကြီး အမှုအမှတ် ၇၉/၂၀၂၀ နဲ့ ရာဇဝတ်ကြီးအမှုအမှတ် ၈၀/၂၀၂၀  အရ သက်သေ စုစုပေါင်း ၂၈ ဦးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးချက်တွေအရ အဂတိလိုက်စားမှု အတိအကျ ပေါ်ပေါက်ခဲ့တာကြောင့် ဦးအောင်ကျော်ဦးကို ရာဇဝတ်ကြီးအမှုအမှတ် ၇၉/၂၀၂၀ အတွက် ထောင်ဒဏ်တစ်နှစ်နဲ့ ရာဇဝတ်ကြီးအမှုအမှတ် ၈၀/၂၀၂၀ အတွက် ထောင်ဒဏ်တစ်နှစ်စီ သီးခြားကျခံဖို့ အမိန့်ချခဲ့တာလည်း ဖြစ်ပါတယ်။

ရာဇဝတ်ကြီးအမှုအမှတ် ၇၉/၂၀၂၀ အတွက် ချုပ်ရက်ခံစားခွင့် ရရှိတယ်လို့လည်း သိရပါတယ်။ ဦးအောင်ကျော်ဦးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ဦးအောင်ကျော်ဦးနဲ့အတူ အဂတိလိုက်စားမှုကြောင့် တရားစွဲဆိုခံခဲ့ရတဲ့ မန္တလေးမြို့  အရိုးအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ကိုလည်း မန္တလေးတိုင်း တရားလွှတ်တော်ကနေ အောက်တိုဘာလ ၂၃ ရက်နေ့က ထောင်ဒဏ်လေးနှစ်ချမှတ်ခဲ့ပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013