DVB Logo
Home
မြန်မာသတင်း
ကျပ် ဘီလီယံ ၂,၀၀၀ ကျော်ချေးငွေတင်ပြပြီးနောက် ဖြည့်စွက်ငွေ ကျပ်ဘီလီယံ ၇,၀၀၀ ကျော် ထပ်တောင်း 
DVB
·
October 19, 2026
Photo: Hluttaw
Photo: Hluttaw
Donate to DVB

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင် အစိုးရဟာ ဘီလီယံ ၂,၀၀၀ ကျော်ချေးဖို့ သူ့ဩဇာခံ လွှတ်တော်မှာ တင်ပြပြီးနောက် ဖြည့်စွက်ငွေ ကျပ်ဘီလီယံ ၇,၀၀၀ ကျော် ထပ်မံတောင်းခံလိုက်ပြန်ပါတယ်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနဲ့ ပြည်ထောင်စုရဲ့ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အောက်တိုဘာ ၁၆ ရက်က လွှတ်တော်သို့ တင်သွင်း တောင်းခံတာ ဖြစ်ပါတယ်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုမှာ ဗဟိုအဖွဲ့အစည်းတွေက ကျပ် ၂၀ ဒသမ ၇၇၃ ဘီလီယံ၊ ဝန်ကြီးဌာနတွေက ကျပ် ၆၈၄၄ ဒသမ ၉၁၃ ဘီလီယံ၊ တပ်မြို့စည်ပင် သာယာရေးအဖွဲ့တွေက ကျပ် သုည ဒသမ ၀၁၀ ဘီလီယံ၊ နေပြည်တော်ကောင်စီက ၄၀ ဒသမ ၁၆၅ ဘီလီယံ ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကျပ် ၅၀ ဒသမ ၅၄၆ ဘီလီယံ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကျပ် ၂၀၈ ဒသမ ၉၆၉ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပက ဆောင်ရွက်တဲ့ လူမှုဖူလုံရေးအဖွဲ့က ကျပ် ၃၈ ဒသမ ၅၉၅ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပက ဆောင်ရွက်တဲ့ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ပို့ဆောင်ရေးကကျပ် ၈၉ ဒသမ ၂၁၃ ဘီလီယံနဲ့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ၁၇၅ ဒသမ ၅၀၀ ဘီလီယံတို့ဖြစ်ပြီး စုစုပေါင်း ၇၄၆၈ ဒသမ ၇၀၂ ဘီလီယံ ဖြစ်ပါတယ်။

ဖြည့်စွက်တောင်းခံငွေ စုစုပေါင်း ကျပ် ၇၄၆၈ ဒသမ ၇၀၂ ဘီလီယံကို နိုင်ငံတော်ကို ရငွေ (ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ နိုင်ငံတော်ကို ထည့်ဝင်ငွေ)အဖြစ် ပေးသွင်းဖို့ ကျပ် ၁၃၁၀ ဒသမ ၃၁၄ ဘီလီယံ၊ ပြည်ပအကူအညီ ရငွေ၊ ပြည်ပချေးငွေတွေ ထပ်မံရရှိလို့ အရအသုံးဖော်ပြပြီး တောင်းခံရတဲ့ အသုံးစရိတ် ကျပ် ၁၃၆ ဒသမ ၅၀၈ ဘီလီယံ၊ သာမန်အသုံးစရိတ်တွေမှာ မဖြစ်မနေ ထပ်မံလိုအပ်တဲ့ အသုံးစရိတ် (လစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ ပင်စင်၊ အတိုးပေးငွေနဲ့ ငွေကြေးစရိတ်) ကျပ် ၂၃၃၇ ဒသမ ၇၆၆ ဘီလီယံ၊ ဘဏ္ဍာနှစ်အတွင်း မဖြစ်မနေ ဆောင်ရွက်ရမဲ့ ဦးစားပေး အသုံးစရိတ်တွေရဲ့ လုပ်ငန်းပြီးစီးမှုအခြေအနေအရ ဘဏ္ဍာရေးနှစ်မကုန်မီ ပေးချေးရမဲ့ အသုံးစရိတ် ကျပ် ၃၆၈၄ ဒသမ ၁၁၄ ဘီလီယံ တို့ဖြစ်တယ်လို့ ဒေါ်သန်းသန်းလင်းက လွှတ်တော်ကို တင်ပြပါတယ်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းအရ လိုငွေမှာ ကျပ် ၈၉၈၅ ဒသမ ၁၈၁ ဘီလီယံဖြစ်ပေမဲ့ ပြုပြင်ပြီး ခန့်မှန်းခြေငွေ စာရင်းအရ လိုငွေမှာ ကျပ် ၁၁၄၁၈ ဒသမ ၈၇၈ ဘီလီယံထိ ရှိလာနိုင်တယ်လို့လည်း ဒေါ်သန်းသန်းလင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအပ်ငွေစာရင်းရဲ့ လိုငွေ ကျပ် ၂၁၀၀ ဘီလီယံကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ချေးယူဖို့ကိုလည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။

ဒါ့အပြင် ငွေစက္ကူတွေ ရိုက်ထုတ်မယ်၊ ၅၀,၀၀၀ တန်ငွေစက္ကူ အသစ်လည်း ထုတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် မဟုတ်မှန်ကြောင်း စစ်အာဏာရှင် သမ္မတရုံးက ရှင်းလင်းထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013