DVB Logo
Home
မြန်မာသတင်း
အဆမတန်ဈေးမြင့်နေသည့် ရေမီတာလစဉ်ကြေး လျှော့ချပေးရန်  စနဲမြို့ခံများ တောင်းဆို
DVB
·
December 22, 2020
အဆမတန်ဈေးမြင့်နေသည့် ရေမီတာလစဉ်ကြေး လျှော့ချပေးရန်  စနဲမြို့ခံများ တောင်းဆို
1 / 2
Donate to DVB

ကိုဗစ်ကာလ ဒေသခံတွေ စီးပွားရေးကျပ်တည်းနေတာကြောင့် စနဲမြို့မှာ အဆမတန်ဈေးမြင့်နေတဲ့ ရေမီတာလစဉ်ကြေးကို လျှော့ချပေးပြီး အများပြည်သူအသုံးပြုနိုင်မယ့် သင့်တင့်တဲ့ နှုန်းထားနဲ့ ကောက်ခံပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှာ အောက်တိုဘာလက စတင်ပြီး စည်ပင်သာယာရေးအဖွဲ့က ရေမီတာ တပ်ဆင်ပြီး လစဉ်ကြေးကို ၁ ယူနစ် ကျပ် ၂၀၀ နှုန်းနဲ့ အဆမတန်ဈေးမြင့်ကောက်ခံနေတာလို့ ဒေသခံတွေက မြို့ခံ ဦးလှဝင်းက ပြောပါတယ်။

“အခု ကျနော်တို့ ရပ်ရွာမှာက ၁ ယူနစ်ကို ၂၀၀ နှုန်းနဲ့ ကောက်ခံလိုက်တဲ့အခါ တချို့အိမ်တွေက ၁၀၀၀၀ ကျော် ကျော်ကျတဲ့ အိမ်ရယ်၊ တချို့အိမ်တွေက ၅၀၀၀၊ ၆၀၀၀ ကျတဲ့အိမ်တွေရယ် တွေ့နေရတဲ့အခါ မရှိဆင်းရဲသားတွေ အခုကိုဗစ်ကာလမှာ စားရေးသောက်ရေး နေရေးထိုင်ရေး တော်တော်လေး အခက်အခဲဖြစ်နေတဲ့အတွက်ကြောင့် ဒီရေကောက်တဲ့နှုန်းသည် အင်မတန်မှမြင့်မားနေတာကြောင့်မို့ ဒီလိုမမြင့်မားအောင် စည်ပင်သာယာရေးအနေနဲ့ ဒီဟာကို ချင့်ချိန်ပြီး ရှေ့ဆက်ပြီးတော့ အလုပ်လုပ်ဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

စနဲမြို့ဟာ မြို့လို့ဆိုပေမဲ့ ပြောင်းလဲခါစ ရွာအဆင့်လောက်ပဲရှိပြီး လက်လုပ်လက်စားတွေများတာကြောင့် ကိုဗစ်ကာလမှာ လျှပ်စစ်မီတာခကို နိုင်ငံတော်က ဖြေလျော့ပေးထားသလို ရေမီတာခကိုလည်း ဖြေလျှော့ပေးစေလို့တယ်လို့ စနဲမြို့ခံ ကိုမင်းထွန်းက ပြောပါတယ်။

ပြည်နယ်စည်ပင်ရဲ့ သတ်မှတ်ချက်နဲ့အညီ ရေမီတာ ၁ ယူနစ်ကို ၂၀၀ ကျပ်နဲ့ ကောက်ခံတာဖြစ်ပြီး အများပြည်သူအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ စနဲမြို့စည်ပင်သာယာရေးဌာန ဦးစီးမှူး ဦးမြင့်ချိုက ပြောပါတယ်။

 “အဲဒါကတော့ ကျနော်တို့တပ်တာ မဟုတ်ပါဘူး၊ ကော်မတီက တပ်တာပါ။ ပြည်နယ်ရဲ့  ဘိုင်လော စည်းမျဉ်းစည်းကမ်းမှာက ပါပြီးသားလေ၊ ၁ ယူနစ်ကို ၂၀၀ ပါ။ ၁ ယူနစ် ၂၀၀ ဆိုရင် ၂၀၀ သုံးစွဲသလောက် ယူနစ်တက်တဲ့ နှုန်းထားတိုင်းပဲ ကောက်တာပါခင်ဗျား။ နောက်တော့ ကျနော်တို့ ကော်မတီအစည်းအဝေးတွေ လုပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်” လို့ ပြောပါတယ်။

စနဲမြို့မှာ အများပြည်သူအသုံးပြုနိုင်ဖို့ ပြည်နယ်အစိုးရရန်ပုံငွေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရေကန်ကြီးတစ်ကန် တူးဖော်ပေးခဲ့ပြီး ဒေဝူးကုပ္ပဏီက ပေပေါင်း ၁၅၀၀ အရှည်ရှိတဲ့ ရေပိုက်တခုကို လှူဒါန်းပေးခဲ့တာပါ။

ဒေသခံတွေက မိမိနေအိမ်အရောက် ကိုယ်ထူကိုယ်ထစနစ်နဲ့ ရေပိုက်သွယ်တန်းကာ အသုံးပြုခဲ့ကြပြီး ရပ်ကွက်တွေမှာ ရေကော်မတီဖွဲ့စည်းကာ ၁ လကို ၂၀၀၀ ကျပ်နဲ့ အသုံးပြုခဲ့ကြရာကနေ အောက်တိုဘာလမှာ စည်ပင်သာယာရေးအဖွဲ့က ရေမီတာ တပ်ဆင်ပြီး လစဉ်ကြေး စတင်ကောက်ခံခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013