DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ကွာရန်တင်းစင်တာများသို့ ကိုရီးယားက ထောက်ပံ့သည့် ဆန်တန်ချိန် ၁၀၀ ဖြန့်ဝေ
DVB
·
December 22, 2020
မကွေးတိုင်း ကွာရန်တင်းစင်တာများသို့ ကိုရီးယားက ထောက်ပံ့သည့် ဆန်တန်ချိန် ၁၀၀ ဖြန့်ဝေ
Donate to DVB

ကိုးရီးယားနိုင်ငံက ထောက်ပံ့တဲ့ ဆန်တန်ချိန် ၁၀၀ ကို ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး မကွေးတိုင်းအတွင်းက ကွာရန်တင်းစင်တာတွေအတွက် ဖြန့်ဝေပေးနေတယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးစိုးသိန်းက “ကိုရီးယားနိုင်ငံက ထောက်ပံ့ပေးတဲ့ ကိုရီးယားဆန်အိတ် ၂၅၀၀ (တန် ၁၀၀) ကို တိုင်းအစိုးရရဲ့ အစီအစဥ်နဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် ကွာရန်တင်းစင်တာတွေကို ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်။ အဲဒီကိုးရီးယားဆန်တွေကို ဒီဇင်ဘာ ၆ ရက်နေ့က လက်ခံရရှိခဲ့တာပါ။ ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ဖြန့်ဝေပေးတာဖြစ်ပြီး မြို့နယ် ၆ မြို့နယ်ကို ဖြန့်ဝေပေးပြီးပါပြီ” လို့  DVB ကို ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားတဲ့ ကွာရန်တင်း စင်တာအရေအတွက် ၅၀၀ ကျော်လောက်ရှိပြီး အသွားအလာကန့်သတ်ထားသူ ၃၀၀၀ ကျော်လောက်ရှိတယ်လို့  တိုင်းဒေသကြီး ပြည်သူ့ကျန်မာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်ေ။

အဲဒီဆန်တွေကို ကိုရီးယားသမ္မတနိုင်ငံက တိုင်းနဲ့ ပြည်နယ် ၁၀ ခုအတွက် တန် ၆၀၀ ထောက်ပံ့တာဖြစ်ပြီး မကွေးတိုင်းအတွက် တန် ၁၀၀ ရရှိပြီး တိုင်းဒေသကြီးအတွင်း ကွာရန်တင်း ဝင်ရောက်တဲ့ အရေအတွက်အပေါ် မူတည်ပြီး ထောက်ပံ့ပေးနေတာလို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013