DVB Logo
Home
မြန်မာသတင်း
လူဦးရေ ၁၅၀၀ ခန့်ရှိသည့် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် အကူအညီများ လိုအပ်နေ
DVB
·
December 22, 2020
လူဦးရေ ၁၅၀၀ ခန့်ရှိသည့် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် အကူအညီများ လိုအပ်နေ
1 / 4
Donate to DVB

ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းမှာ အခြေခံစားသောက်ကုန်တွေ လာရောက်လှူဒါန်းတာတွေ ရှိပေမဲ့ စစ်ဘေးရှောင်ထောင်ချီ ရှိတာကြောင့် အကူအညီ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ မြေပုံမြို့နယ် ရက္ခဒါနဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်အေးသာက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းက စစ်ဘေး ၁၅၀၀ လောက်ရှိပြီး အခြေခံစားသောက်ကုန်တွေကို နီးစပ်ရာမြို့နယ်တွေက လာရောက်လှူဒါန်းပေးနေကြတာပါ။

ဦးမောင်အေးသာက “ဒီမှာက စာရေးသောက်ရေး အဆင်မပြေတာတွေ အများကြီးရှိတယ်။ ၁ လကို ဆန်အိတ် ၄ တောင်းအိတ်ဆိုတော့ ၅၂၀ လောက် လိုနေတယ်။ နောက်ပြီး ဒီအိမ်လုံခြုံမှုမရှိတာလည်း လိုနေတယ်။ မီးဖိုချောင်ပစ္စည်းတွေ မရှိတာလည်း  တွေ့ရတယ်” လို့ ပြောပါတယ်။

မြေပုံမြို့နယ် ရက္ခဒါနာဖောင်ဒေးရှင်းဟာ ကျောက်ဖြူ ရက္ခဒါနဖောင်ဒေးရှင်းနဲ့ မြို့ပေါ် ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနေပေမဲ့ အကူအညီတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိစစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရသူတွေ အခက်အခဲကြုံနေတာကြောင့် စိတ်မကောင်းဖြစ်ရသလို ထပ်မံ့လှူပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ကျောက်ဖြူမြို့က ကယ်ဆယ်ရေးပစ္စည်းတွေ လာရောက်လှူဒါန်းပေးတဲ့ ဖြူစင်သော ကမ်းလက်ပရဟိတအသင်းဝင် ဦးမျိုးအောင်က ပြောပါတယ်။

“ကျနော်တို့ ထင်ထားတာထက်ကို ပိုပြီးတော့ဆိုးနေတာပေါ့နော်။ ဆိုးနေတယ်ဆိုတော့ ကလေးသူငယ်ကအစ ထမင်းစားချိန်မှာလည်း ထမင်းဗန်းလေးတွေ ကိုင်ပြီးတော့ ရှိတဲ့ဟာလေးနဲ့ စားနေရတော့ သားသမီးချင်း ကိုယ်ချင်းစာတယ်။ နောက်ပြီး ဒီမှာဒုက္ခရောက်နေတဲ့လူတွေကို ဒီထက်မကလှူဖို့အတွက် ကျနော်တို့ကြိုးစားပါဦးမယ်။”

ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်တွေက စစ်ရှောင် မိသားစု ၄၀၃ စုနဲ့ လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိပြီး အခုလို နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတာကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ရက္ခဒါန ဖောင်ဒေးရှင်းတာဝန်ရှိသူက ပြောပါတယ်။

သတင်း - နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013