
မကွေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လူနာစုစုပေါင်း ၂၂၆၇ ဦးရှိလာပြီးလို့ တိုင်းကျန်းမာရေးက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
ပိုးတွေ့လူနာတွေကတော့ အောင်လံ ၂၅ ဦး၊ ပခုက္ကူ ၆ ဦး၊ မြိုင် ၄ ဦး၊ တောင်တွင်းကြီး ၂ ဦး၊ ရေစကြို၊ ပွင့်ဖြူ၊ ဂန့်ဂေါနဲ့ မြို့သစ်တို့မှာ ၁ ဦးစီ တွေ့ရှိခဲ့တာပါ။
ပိုးတွေ့လူနာတွေအနက် အောင်လံက ၂၅ ဦးမှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။ ကျန်သူတွေကတော့ ရန်ကုန်နဲ့ မန္တလေးက ပြန်လာပြီး ကွာရန်တင်းဝင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂၆၇ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိပြီလို့ သိရပါတယ်။
တိုင်းအတွင်း ခရိုင်၊ မြို့နယ်နဲ့ တိုက်နယ်ဆေးရုံတွေမှာ လက်ရှိ ဆေးကုသမှု ခံယူနေသူ ဒီဇင်ဘာ ၂၁ ရက်အထိ ၄၆၇ ဦးရှိတယ်လို့ တိုင်းကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။
ကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။










