DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင် ကမ္ဘောဇဘဏ်ခွဲဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ ဘဏ်ကိုလော့ဒေါင်းချ
DVB
·
December 21, 2020
ညောင်လေးပင် ကမ္ဘောဇဘဏ်ခွဲဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ ဘဏ်ကိုလော့ဒေါင်းချ
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက် ညနေက ကမ္ဘောဇဘဏ်ဝန်ထမ်း ၁ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာ​ကြောင့် က​မ္ဘောဇဘဏ် ​ညောင်​လေးပင်ဘဏ်ခွဲကို လော့ဒေါင်းချထားတယ်လို့ မြို့နယ်ကျန်းမှာရေးဦးစီးဌာနက ပြောပါတယ်။

​ညောင်​လေးပင်​မြို့ ကမ္ဘောဇဘဏ်က အသက် ၂၈ နှစ်အရွယ် ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး လွန်ခဲ့တဲ့ ၃ ရက်​က ဖျားလို့ အ​ပြင်​ဆေးခန်းမှာ ကုသရာ မသက်သာဘဲ ​မြို့နယ်ဆေးရုံကို မနေ့ညက သွားရောက်ပြီး RDT Test Kid  နဲ့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့ ဘဏ်ဝန်ထမ်းအမျိုးသမီးကို တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုပေးနေပြီ ထိ​တွေ့ဆက်စပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်း ၂၄ ဦးကို Facility Quarantine Center ပို့ဆောင်ထားတယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းဒန်ဦးက DVB ကို ပြောပါတယ်။

မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီက ညောင်လေးပင်မြို့ ကမ္ဘောဇဘဏ်ကို မနေ့ညနေက Lockdown ချထားတယ်လို့ ဆိုပါတယ်။

ပိုးတွေ့ရှိသူ အမျိုးသမီးနဲ့ ထိတွေ့ ဆက်စပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်း ၂၄ ဦးအား ကျန်းမာရေးစစ်ဆေးပြီး အားလုံးရောဂါကင်းမှ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘဏ်ကို ဖွင့်ခွင့်ပေးသွားမယ်လို့ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ပြောပါတယ်။

“ပိုးတွေ့လူနာနဲ့ ဘဏ်ဝန်ထမ်း ၂၄ ယောက်လုံးကို RDT နဲ့ စစ်မယ်။ ပြီးရင် နှာခေါင်းတို့ပတ်ယူပြီး ရန်ကုန်ကို ပို့မယ်။ အားလုံးရောဂါကင်းပြီဆိုမှသာ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘဏ်ကို ဖွင့်ခွင့်ပေးသွားမှာ ဖြစ်တယ်။”

ဒုတိယလှိုင်းအတွင်း ညောင်လေးပင်မြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး ဒီနေ့အချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၇ ဦးအထိ ရှိပါတယ်။

၁၈၂ ဦး ဆေးရုံဆင်းခွင့် ရရှိထားပြီး မြို့နယ်အတွင်းက ဆေးရုံတွေမှာ ၅ ဥွီး တက်ရောက် ကုသနေကာ ကျန်းမာရေးအ​ခြေအ​နေ ​ကောင်းမွန်​တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013