
ကချင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားသူ စုစုပေါင်း ၅၀၂ ယောက်ရှိပြီလို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
ကချင်တစ်ပြည်နယ်လုံးမှာ ဖားကန့်နဲ့ မြစ်ကြီးနားမြို့မှာ ကိုဗစ်ရောဂါဖြစ်ပွားသူ အများဆုံးတွေ့ရှိထားပြီး သက်သာပျောက်ကင်းတဲ့သူ ၃၇၅ ယောက်ရှိပြီလို့ သိရပါတယ်။
ဒီဇင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားသူ မြစ်ကြီးနားမြို့မှာ ၅၆ ယောက်၊ ဝိုင်းမော် ၇ ယောက်၊ ပူတာအိုနဲ့ တနိုင်းမြို့ ၁ ယောက်စီ၊ မိုးကောင်း ၉ ယောက်၊ မိုးမောက်မြို့ ၇ ယောက်နဲ့ ဖားကန့်မြို့ ၃၃၆ ယောက်၊ ရွှေကူမြို့ ၄၄ ယောက်၊ မိုးညှင်းမြို့ ၄၁ ယောက် စုစုပေါင်း ၅၀၂ ယောက် ရှိပြီလို့ ပြည်နယ်ကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်မှာ အချုပ်သားတွေ၊ ယာဥ်ထိန်းရဲတွေ၊ ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်တွေနဲ့ ခရီးသွားလာထားသူတွေမှာ ကိုဗစ်ရောဂါပိုး အများဆုံး တွေ့ရှိထားပါတယ်။
ရောဂါရှိသူတွေ သွားပြခဲ့တဲ့ ဆေးခန်းတွေအပြင် ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ စျေးတွေနဲ့ နေအိမ်တွေကိုလည်း အသွားအလာကန့်သတ်တာတွေ ပြုလုပ်နေပါတယ်။
သတင်း - မီးမီး










