Home
မြန်မာသတင်း
မှတ်ပုံတင်မရှိခြင်းကြောင့် အလုပ်အကိုင် ရရှိရန် ခက်ခဲနေသူများ (ဓာတ်ပုံ)
DVB
·
December 20, 2020
YMK19433
YMK19447
YMK19449
YMK19454
YMK19461
YMK19465
YMK19468
YMK19479
YMK19481
YMK19483
YMK19486
YMK19487
YMK19498
YMK19505
YMK19557
YMK19563
YMK19566
YMK19574
YMK19592
YMK19613
YMK19638
YMK19654
ရန်ကုန်တိုင်းဒေသကြီး မြေလွတ်နေရာမှာ ကျူးကျော်နေထိုင်သူ အများအပြားရှိပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ များသောအားဖြင့် ရွှေ့ပြောင်းလုပ်သားတွေ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ရွာတွေ ပျက်စီးကာ ရေကြည်ရာမြက်နုရာရှာဖွေရင်း ရောက်‌ရှိနေထိုင်သူတွေ ဖြစ်ပါတယ်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ်‌-၁၁၈ ရပ်ကွက် ပုဂံလမ်းမှာ ကျူးကျော်နေထိုင်တဲ့ မိသားစု ၃၀ ကျော်ရှိနေပြီး လူပေါင်းတစ်ရာကျော် ရှိပါတယ်၊ အဲဒီ မိသားစုဝင်တစ်ရာကျော်‌အနက် အရွယ်ရောက်ပြီးသူအများစုမှာ မှတ်ပုံတင်ပြုလုပ်ဖို့ မလွယ်ကူတာကြောင့် အလုပ်အကိုင်ရရှိရေး အခက်အခဲကြုံနေကြရပါတယ်။ “စား‌ရေး သောက်ရေးကတော့ သူလိုငါလို ရှာဖွေစားသောက်ရတာပေါ့။ တစ်ရက်လုပ် တစ်ရက်စားပဲ။ အဓိကကတော့ မှတ်ပုံတင်လို့ဖို့ မလွယ်ဘူး၊ အဲ‌ဒီတော့ မွေးလာတဲ့ သားသမီးတွေလည်း အရွယ်ရောက်လာရင် ကိုယ်တွေလို ကြုံရာကျပန်းလုပ်ကြရတာပဲ။ ယုတ်အစွဆုံး စက်ရုံတောင် ဝင်လုပ်လို့မရဘူး” လို့ ကိုချစ်ဦးမောင်က ပြောပါတယ်။ ရန်ကုန်တတိုင်းလုံးရှိ ကျူးကျော်နေထိုင်သူအားလုံးမှာ မှတ်ပုံတင်ပြဿနာမှာ အရေးကြီးဆုံးဖြစ်နေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ဖို့ မှတ်ပုံတင်ရရှိဖို့ မျှော်လင့်နေကြတယ်လို့ ကျူးကျော်နေထိုင်သူတဦးက ပြောပါတယ်။ “မျှော်လင့်တာပေါ့။ မှတ်ပုံတင်ရရင် ကလေးလေးတွေ အလုပ်အကိုင် အတည်တကျလေးနဲ့ သက်သက်သာသာ အလုပ်လုပ်နိုင်မှာပေါ့။” ကျူးကျော်နေထိုင်သူတွေ မှတ်ပုံတင်ရရှိဖို့ ဘိုးဘွားဘီဘင်စာရင်းတွေ နာဂစ်မုန်တိုင်းကြောင့် ပျောက်ဆုံးသွားတာ၊ တချို့ရွာတွေမှာ သွားရေးလာရေး စရိတ်များပြားတဲ့ အခက်အခဲတွေ ကြုံနေကြတယ်လို့ သိရပါတယ်။ Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024