ဆီဆိုင်မြို့နယ်တွင် တနေ့တည်း မြေငလျင် နှစ်ကြိမ်လှုပ်ခတ်
DVB
·
December 20, 2020

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ မနေ့က တနေ့တည်း မြေငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ၁၆ နာရီ၊ ၄၉ မိနစ်၊ ၀၂ စက္ကန့် အချိန်က ဆီဆိုင်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉.၉၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၂၉ ဒီဂရီ၊ အနက် ၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။











