DVB Logo
Home
မြန်မာသတင်း
ပန်းချီဆရာ ၉ ဦး စုပေါင်းကျင်းပသည့် Stay Home II ပန်းချီပြပွဲ ညောင်ဦးမြို့တွင် ပြသ
DVB
·
December 19, 2020
ပန်းချီဆရာ ၉ ဦး စုပေါင်းကျင်းပသည့် Stay Home II ပန်းချီပြပွဲ ညောင်ဦးမြို့တွင် ပြသ
Donate to DVB

ပန်းချီ ဆရာ ၉ ဦးတို့ရဲ့ Stay Home II အမည်ရှိ စုပေါင်း ပန်းချီပြပွဲကို မန္တလေးတိုင်း ညောင်ဦးမြို့က MPP Art Gallery မှာ ပြသနေပါတယ်။

ဒီပြပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၉ ရက်ကနေ  ၃၁ ရက်နေ့အထိ ၁၃ ရက်တိတိ ပြသသွားမှာပါ။

ပန်းချီကားပေါင်း ၅၃ ကားကို ပြသထားပြီး ကားတကားကို ကျပ် ၁ သိန်းကနေ ၅ သိန်းအထိ ရောင်းဈေးသတ်မှတ်ထားပါတယ်။ 

ပန်းချီးကားတွေကို ဝါသနာရှင်တွေလာရောက်ကြည့်ရှု့မယ်ဆိုရင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးနဲ့အညီ စီစဉ်ထားတယ်လို့ ပြပွဲတာဝန်ခံ ပန်းချီ အမ်ပီပီရဲမြင့်က ပြောပါတယ်။ 

ကိုဗစ်ကာလ အိမ်တွင်းအောင်း ပန်းချီဆရာတွေရဲ့လက်ရာတွေဖြစ်သလို ရောင်းရငွေတွေရဲ့ တချို့တဝက်ကိုလည်း ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် လှူဒါန်းသွားမယ်လို့ ပန်းချီ ဘီညိုက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013