DVB Logo
Home
မြန်မာသတင်း
ရော်ဘာ ခေတ်ပြန်ကောင်းလာရေး ဗဟိုစျေးကွက်ဖန်တီးပေးရန် လုပ်ငန်းရှင်များ တောင်းဆို
DVB
·
December 19, 2020
ရော်ဘာ ခေတ်ပြန်ကောင်းလာရေး ဗဟိုစျေးကွက်ဖန်တီးပေးရန် လုပ်ငန်းရှင်များ တောင်းဆို
Donate to DVB

မွန်ပြည်နယ်မှာ ရော်ဘာကဏ္ဍ အရင်လို ခေတ်ပြန်ကောင်းဖို့ဆိုရင် အစိုးရအနေနဲ့ မဖြစ်မနေ ဗဟိုစျေးကွက်တ ဖန်တီးပေးဖို့ ရော်ဘာလုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။ 

မွန်ပြည်နယ်မှာတော့ ရော်ဘာစိုက်ဧက ၅ သိန်းကျော် ရှိနေတာ ဖြစ်ပြီး နှစ်စဉ် ရော်ဘာ တန်ချိန် ၁ သိန်းကျော် ထွက်ရှိနေတာပါ။ လက်ရှိမှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ရော်ဘာအစေးခြစ် အလုပ်သမား ရှားပါးလာမှု ပြဿနာကို ရင်ဆိုင်နေရပါတယ်။

တဖက်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်နိုင်ငံက ရော်ဘာ အဝယ်နည်းပါးလာ တဲ့အတွက် ထိုင်းနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ရော်ဘာ တင်ပို့ရောင်းချနေရပေမယ့် နိုင်ငံတကာ စျေးနှုန်းနဲ့ နှိုင်းယှဉ်ရင် မြန်မာ ရော်ဘာဟာ ၁ ပေါင်ကို ကျပ် ၃၀၀ နီးပါးလောက် စျေးနှိမ်ခံနေရပါတယ်။

ဒါကြောင့် နှစ်စဉ်ဆုံးရှုံးနေတဲ့ ရော်ဘာ ဝင်ငွေတွေ ပြန်ရဖို့ဆိုရင် အစိုးရအနေနနဲ့ မဖြစ်မနေ ဗဟိုစျေးကွက်တစ်ခု ဖန်တီးပေးဖို့ မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း တွဲဘက်အတွင်းရေးမှူး ဦးသက်ဦး ပြောပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံက တရားမဝင် လမ်းကြောင်းကနေ ရော်ဘာ တင်ပို့ရောင်းချခွင့် ပေးအပ်ထားပေမယ့် နောက်ပိုင်းမှာ ရော်ဘာတင်ပို့ရောင်းခွင့် ပိတ်သွားမှာကို ရော်ဘာလုပ်ငန်းရှင်တွေ စိုးရိမ်နေတာပါ။

ဒါကြောင့် အခုလို အခြေအနေမှာ အစိုးရအနေနဲ့ ရော်ဘာအရည်အသွေး တသမတ်တည်း ဖြစ်အောင် လုပ်ဆောင်ပေးဖို့နဲ့ ပြည်တွင်း စျေးကွက်ဖန်တီးပြီး နိုင်ငံတကာ ဝယ်လက်တွေကို ဖိတ်ခေါ်ပေးဖို့ လိုအပ်နေတယ်လို့ ရော်ဘာလုပ်ငန်းရှင် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

မွန်ပြည်နယ် အစိုးရဘက်ကတော့ ရော်ဘာကဏ္ဍနဲ့ပတ်သက်ရင် နိုင်ငံတကာနဲ့ ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ရလဒ် ထွက်မလာဘူးလို့ ဆိုပါတယ်။ 

ဒါကြောင့် ရော်ဘာတောင်သူတွေအနေနဲ့ ရော်ဘာပုံရိပ် ပြန်တက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေပြီး စျေးကွက်မှာ တရုတ်စျေးကွက် ပြန်ရအောင် လုပ်ဆောင်လို့ ရကြောင်း မွန်ပြည်နယ် ကရင်တိုင်းရင်းရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ရော်ဘာစိုက်ဧကပေါင်း ၅ သိန်းမှာ ၂ သိန်းလောက်ဟာ အလုပ်သမား ရှားပါးမှုနဲ့အတူ ရော်ဘာ စျေးနှုန်း အရင်လို ပြန်မရတဲ့အတွက်ကြောင့် အစေးမခြစ်ဘဲ လုပ်ငန်း ရပ်ဆိုင်းထားကြပါတယ်။ တဖက်မှာတော့ ရော်ဘာ သစ်ပါးလွှာ ထုတ်လုပ်လာတဲ့အတွက်ေကြာင့် ရော်ဘာစိုက်ဧက ထောင်နဲ့ချီ ခုတ်လှဲခံနေရတယ်လို့ ဆိုကြပါတယ်။ 

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013