DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ကမ္ဘာ့ဖလားပွဲများတွင် ICE အေးဂျင့်များ မလိုချင်ဟု အလုပ်သမားများ ဆန္ဒပြ 
DVB
·
June 13, 2026
Photo: Kirby Lee-Imagn Images/File Photo/Via Reuters
Photo: Kirby Lee-Imagn Images/File Photo/Via Reuters
Donate to DVB

SoFi Stadium ကွင်းဝန်ထမ်းတွေဟာ အမေရိကန် အမျိုးသားအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပွဲစဉ်မတိုင်ခင် 'ICE Out' တံဆိပ်တွေ ဝတ်ဆင်ခဲ့ပါတယ်။ 

သူတို့ဟာ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ လူဝင်မှုကြီးကြပ်ရေးအေးဂျင့်တွေ ရှိနေတာကို ကန့်ကွက်တာပါ။

ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ ရပ်ရွာလူထုတွေ ကြောက်ရွံ့မှုနဲ့ နေထိုင်နေရတဲ့အချိန်မှာ နွေးထွေးကြိုဆိုတဲ့ ရပ်ဝန်းတခု ဖန်တီးဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ 

Unite Here Local 11 သမဂ္ဂရဲ့ တွဲဖက်ဥက္ကဋ္ဌ ကာ့တ်ပီတာဆင်ကတော့ အလုပ်သမားတွေဟာ သူတို့ ယုံကြည်တဲ့ မက်ဆေ့ချ်ပါတဲ့ တံဆိပ်ကို ဝတ်ဆင်ခွင့်ရှိတယ်လို့ ပြောပါတယ်။ 

‘FIFA ကနေ ICE ထွက်ပါ’ ဆိုတဲ့ မက်ဆေ့ချ်ပါ တံဆိပ်တွေကို သမဂ္ဂရဲ့ စုပေါင်းညှိနှိင်းမှု သဘောတူညီချက်အောက်မှာ ဝတ်ဆင်ခွင့်ရထားတာ ဖြစ်ပါတယ်။

ကွင်းနဲ့ သဘောတူညီချက်အသစ်အရ အလုပ်ခွင်မှာ လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုဖြစ်ခဲ့ရင် သပိတ်မှောက်ခွင့်ကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ 

ဒီအခွင့်အရေးကို ဘယ်တော့မှ အသုံးမပြုရဖို့ မျှော်လင့်တယ်လို ပီတာဆင်က ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013