DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများ၏ ၁၀ ရာခိုင်နှုန်း HIV ပိုးတွေ့
DVB
·
December 16, 2020
မိုးကုတ်တွင် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများ၏ ၁၀ ရာခိုင်နှုန်း HIV ပိုးတွေ့
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်မှာ  မူးယစ်ဆေးဝါးအကြောထဲထိုးသွင်း သုံးစွဲသူတွေရဲ့ ၁၀ ခိုင်နှုန်းမှာ HIV ပိုးတွေ့ရှိနေရတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးပါးဆန့်ကျင်ရေးအသင်း(MANA)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံ မူးယစ်ဆေးပါးဆန့်ကျင်ရေးအသင်း ( မိုးကုတ်မြို့)က ဒေါက်တာဇော်ရဲဟိန်းက “မြန်မာပြည်ဒေသအနှံ့မှာ မူးယစ်ဆေးကို အလွယ်တကူဝယ်ယူလို့ရနေပါတယ်။ ဒါ့ကြောင့် မူးယစ် ဆေးဝါးစတင်သုံးစွဲသူလူငယ်အများစုဟာ အပေါင်းအသင်းတွေကနေ စတင်တယ်” လို့ပြောပါတယ်။

မိုးကုတ်မြို့က မူးယစ်ဆေးသုံးစွဲသူအများစုဟာ လူငယ်နဲ့ လူလတ်ပိုင်းတွေဖြစ်နေတာကြောင့် တာဝန်ရှိသူတွေအပြင် ကလေးမိဘတွေအနေနဲ့လည်း ကိုယ့် သားသမီးတွေကို သေချာစောင့် ကြည့် ထိန်းသိမ်းသင့်တယ်လို့ မိုးကုတ် MANA အသင်း ဥက္ကဋ္ဌ ဦးအောင်နိုင်က ပြောပါတယ်။ 

မိုးကုတ်မြို့ဝန်းကျင်မှာ မူးယစ်းဆေးဝါးသုံးစွဲသူ ထောင်နဲ့ချီရှိနေပြီး အဲ့ဒီထဲက မူးယစ်ဆေးအစားထိုးရည် မက်သဒုံး နေ့စဉ် သောက်သုံးသူဟာလည်း အယောက် ၇၀၀ ကျော်ရှိနေပါတယ်။ 

မိုးကုတ် MANA အသင်းအနေနဲ့ နှစ်စဉ် လူဦးရေ ၉၀ ဝန်းကျင်ကို HIV တန့်ဆေး  ART သောက်သုံးနိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်။

မြန်မာနိုင်ငံမှာ HIV အသစ်ကူးစက်ခံရသူ  ၂၀၁၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သလို HIV/ AIDS နဲ့ နှီးနွှယ်ရောဂါတွေကြောင့် သေဆုံးမှုကိုလည်း ၅၂ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက  ပြောထားပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ဇွန်လကုန်ထိ မြန်မာနိုင်ငံရှိ  HIV ပိုးနဲ့ နေထိုင်သူ ခန့်မှန်းဦးရေ ၂၄၀,၀၀၀ အနက် ၇၉ ရာခိုင်နှုန်း ကို အေအာတီဆေးနဲ့ ကုသမှုပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013