တရုတ်နိုင်ငံအနောက်တောင်ပိုင်း မြန်မာနယ်စပ်ရှိ ယူနန်ပြည်နယ် စစ်ဆောင်ပန္နား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ သင်္ကြန်ရေသဘင် ပွဲတော်ကို ဧပြီ ၁၄ ရက်က စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
ဂျီနိုဗုံတီးခတ်မှုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိကထားတဲ့ ဒီပွဲမှာ တိုင်း (Tai) ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြသခဲ့ပါတယ်။
လူးရှမ်းလို့လည်းခေါ်တဲ့ အဲဒီဒေသခံ တိုင်းလူးလူမျိုးတွေဟာ ထေရဝါဒဗုဒ္ဓဘာသာကို အဓိက ကိုးကွယ် ယုံကြည်ကြသူတွေ ဖြစ်ပါတယ်။
သင်္ကြန်ရေသဘင်ပွဲတော်ဟာ ယူနန်ပြည်နယ်က တိုင်းလူးလူမျိုးတွေအတွက် အထူးအရေးပါတဲ့ နှစ်သစ်ကူးပွဲတော်တခုဖြစ်ပါတယ်။
စစ်ဆောင်ပန္နားဒေသမှာ နေထိုင်ကြတဲ့ တိုင်းလူးလူမျိုးတွေဟာ မြန်မာနိုင်ငံ ကျိုင်းတုံနယ်က ဂုံရှမ်းလူမျိုးတွေနဲ့ ဘာသာစကား၊ ယဉ်ကျေးမှု ဆင်တူကြပါတယ်။ ဒီဒေသဟာ မြန်မာနိုင်ငံလိုပဲ အပူပိုင်းမုတ်သုံရာသီဥတုရှိပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်တဲ့ နေရာတခု ဖြစ်ပါတယ်။










