DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၈ ဦး ထပ်တွေ့၊ လူနာ စုစုပေါင်း ၁၁၂၀ ရှိလာ
DVB
·
December 14, 2020
ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၈ ဦး ထပ်တွေ့၊ လူနာ စုစုပေါင်း ၁၁၂၀ ရှိလာ
Donate to DVB

ကရင်ပြည်နယ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၈ ဦး ထပ်မံတွေ့ရှိပြီး အတည်ပြုလူနာ စုစုပေါင်း ၁၁၂၀ ရှိလာပြီလို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

လူနာသစ် ၁၈ ဦးကတော့ ဘားအံ ၆ ဦး၊ မြဝတီက ၁၂ ဦး ဖြစ်ပါတယ်။ ပိုးတွေ့လူနာတွေထဲက မြဝတီ အိုးအိမ် ကိုဗစ်စင်တာမှာ တက်ရောက်ကုသနေတဲ့  ၂ ဦးက ကော့ကရိတ်မြို့နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။ 

ကရင်ပြည်နယ်မှာ ဒီဇင်ဘာ ၁၃ ရက်အထိ ဆေးရုံတွေမှာ ကုသမှု ခံယူနေသူ ၂၄၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၈၆၁ ဦးနဲ့ သေဆုံးသူ ၁၂ ဦးရှိပြီလို့ သိရပါတယ်။ 

အတည်ပြုလူနာ ၁၁၂၀ ထဲမှာ ဘားအံက ၄၅၆ ဦး၊ မြဝတီ အယောက် ၂၆၀၊ ကော့ကရိတ် အယောက် ၂၃၀၊ လှိုင်းဘွဲ ၇၀၊ ကြာအင်းဆိပ်ကြီး ၇ ဦး၊ သံတောင်ကြီး ၆ ဦးနဲ့ ဖာပွန်က ၂ ဦး၊ အခြားတိုင်းနဲ့ပြည်နယ် လိပ်စာနဲ့က ၈၉ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013