Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၈ ဦး ထပ်တွေ့၊ လူနာ စုစုပေါင်း ၁၁၂၀ ရှိလာ
DVB
·
December 14, 2020
130589894_2690554544495412_5172335087453624827_o
ကရင်ပြည်နယ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၈ ဦး ထပ်မံတွေ့ရှိပြီး အတည်ပြုလူနာ စုစုပေါင်း ၁၁၂၀ ရှိလာပြီလို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။  လူနာသစ် ၁၈ ဦးကတော့ ဘားအံ ၆ ဦး၊ မြဝတီက ၁၂ ဦး ဖြစ်ပါတယ်။ ပိုးတွေ့လူနာတွေထဲက မြဝတီ အိုးအိမ် ကိုဗစ်စင်တာမှာ တက်ရောက်ကုသနေတဲ့  ၂ ဦးက ကော့ကရိတ်မြို့နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။  ကရင်ပြည်နယ်မှာ ဒီဇင်ဘာ ၁၃ ရက်အထိ ဆေးရုံတွေမှာ ကုသမှု ခံယူနေသူ ၂၄၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၈၆၁ ဦးနဲ့ သေဆုံးသူ ၁၂ ဦးရှိပြီလို့ သိရပါတယ်။  အတည်ပြုလူနာ ၁၁၂၀ ထဲမှာ ဘားအံက ၄၅၆ ဦး၊ မြဝတီ အယောက် ၂၆၀၊ ကော့ကရိတ် အယောက် ၂၃၀၊ လှိုင်းဘွဲ ၇၀၊ ကြာအင်းဆိပ်ကြီး ၇ ဦး၊ သံတောင်ကြီး ၆ ဦးနဲ့ ဖာပွန်က ၂ ဦး၊ အခြားတိုင်းနဲ့ပြည်နယ် လိပ်စာနဲ့က ၈၉ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024