DVB Logo
Home
မြန်မာသတင်း
မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် အသတ်ခံရမှု စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆို
DVB
·
December 13, 2020
မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် အသတ်ခံရမှု စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆို
Donate to DVB

မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် အသတ်ခံရတာ ၄ နှစ်ပြည့်ပြီဖြစ်ပေမယ့် အမှုမှန်မပေါ်ပေါက်သေးတဲ့အတွက် အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး သတင်းသမားများကွန်ရက် (SRJN) က သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတာ ၂၀၂၀၊ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ဆိုရင် ၄ နှစ်ပြည့်ပြီးဖြစ်ပေမဲ့ လက်ရှိအချိန်အထိ အမှုမှန်မပေါ်သေးတဲ့အတွက် မိသားစုဝင်နဲ့အတူ ထပ်တူဝမ်းနည်းရတယ်လို့ ဆိုပါတယ်။

အသတ်ခံရတဲ့ညမှာ အမှုဖွင့်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးဖော်ထုတ်ကြဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပေမဲ့ ဒီနေ့အချိန်အထိ ထူးခြားမှုမရှိသေးတဲ့အတွက် ဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

အခုလို အမှုမှန်မဖော်ထုတ်နိုင်တာဟာ သတင်းသမားနဲ့ သတင်းမီဒီယာလောကကိုပါ တိုက်ရိုက်ခြိမ်းခြောက်ရာရောက်သလို သတင်းထောက်တစ်ယောက်ကို သတ်ဖြတ်တာဟာ ပြည်သူတွေရဲ နား၊ မျက်စိတွေကို ဖျက်ဆီးပစ်တာနဲ့ တူတယ်လို့ ဆိုပါတယ်။

အဲလိုလုပ်ရပ်ဟာ ဒီမိုကဒေစီနိုင်ငံသစ်ဆီ သွားနေတဲ့နိုင်ငံမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာလောကကို သင်းကွပ်ရာရောက်တာကြောင့် အမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုစိုးမိုးထွန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဒီဇင်ဘာ ၁၃ ရက် မနက် ၁ နာရီလောက်အချိန်က မုံရွာမြို့ ပြည်ထောင်စုလမ်းဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာတွေနဲ့ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပြီး လူသတ်မှု ကျူးလွန်သူတွေကို အခုချိန်ထိ ဖမ်းမမိသေးပါဘူး။

သတင်းထောက် ကိုစိုးမိုးထွန်းဟာ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ သစ်မှောင်ခိုသတင်းတွေ၊ တရားမဝင်ဖျော်ဖြေရေးလုပ်ငန်း သတင်းတွေ ရေးသားတင်ဆက်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သတင်း - ကိုကျော်မင်းသန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013