DVB Logo
Home
မြန်မာသတင်း
ချင်းရိုင်းရှိ နေအိမ်တလုံးတွင် တရားမဝင်မြန်မာ ၃၆ ဦး ဖမ်းဆီးခံရ 
DVB
·
May 12, 2026
Photo: Maesaipress 
Photo: Maesaipress 
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းရိုင်းမြို့နယ်ရှိ နေအိမ်တလုံးမှာ တရားမဝင်မြန်မာ ၃၆ ယောက် စုပြုံ နေထိုင်နေတာကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ချင်းရိုင်းမြို့နယ် ရဲတပ်ဖွဲ့၊ လဝကရဲ နဲ့  အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတွေဟာ မေ  ၁၁ ရက် ညနေ ၃ နာရီလောက်က ချင်းရိုင်းမြို့နယ် ပါအွိုင့်ဒွန်းချိုင်းအုပ်စု ပရဒူလော့ကျေးရွာရှိ အိမ်နံပါတ်မဲ့ နေအိမ်တလုံးကို သွားရောက်စစ်ဆေးပြီး အဆိုပါအိမ်မှာ စုပြုံခိုလှုံနေတဲ့  တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၁၉ ယောက်၊ စုစုပေါင်း ၃၆ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ မယ်ဆိုင်နယ်စပ်ဘက်က ဝင်ရောက်လာပြီး ဘန်ကောက်နဲ့ အနီးတဝိုက် ခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့ လာခေါ်မဲ့ ပွဲစားကို စောင့်ဆိုင်းနေတာ ဖြစ်တယ်၊ အဲဒီအတွက် ပွဲစားကို တဦးလျှင် ဘတ် ၅,၀၀၀ မှ ၁၀,၀၀၀ ထိ ပေးရမယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ မေ ၇ ရက်က ကား ၁၀ စီးနဲ့ ဝင်သွားတဲ့ တရားမဝင် မြန်မာ ၁၄၉ ယောက်ကို ဖိစနုလုတ်ခရိုင် အဝေးပြေးလုံခြုံရေးရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိပြီးတဲ့နောက် စစ်ဆေးမေးမြန်းမှုတွေ ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ နယ်စပ်က ဝင်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်း ဝင်ရောက်ဖို့ကားတွေ လာမကြိုသေးခင် ပွဲစားက ချင်းရိုင်းရှိ နေအိမ်တလုံးမှာ နေရာချထားကြောင်း ဖွင့်ဟဝန်ခံချက်အရ တာဝန်ရှိသူတွေက အဆိုပါနေအိမ်ကို သွားရောက်စစ်ဆေးပြီး အခုလို နောက်ထပ် ၃၆ ယောက် ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူ ၃၆ ယောက်လုံးရဲ့ ကိုယ်ရေးရာဇဝင်မှတ်တမ်းယူထားပြီး အမည်ပျက်စာရင်း ဘလက်လစ်စ် ထည့်ကာ မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတားကတဆင့် မြန်မာပြည် ပြန်ပို့မယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

Source: Maesaipress 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013