
မကွေးတိုင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၄ ဦး ထပ်မံတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးက ထုတ်ပြန်ပါတယ်။
အတည်ပြုလူနာသစ်တွေကတော့ အောင်လံ ၁၁ ဦး၊ ကံမ ၄ ဦး၊ ဂန့်ဂေါ ၃ ဦး၊ ပေါက် ၂ ဦး၊ ငဖဲ ၂ ဦး၊ ဆင်ပေါင်ဝဲနဲ့ မင်းဘူးက ၁ ဦးစီ တွေ့ရှိခဲ့တာပါ။
ပိုးတွေ့လူနာတွေအနက် အောင်လံ ၁၁ ဦးနဲ့ ဂန့်ဂေါက ၂ ဦး၊ မင်းဘူးက ၁ ဦးတို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူများဖြစ်ကြပြီး ကျန်သူတွေက ခရီးသွားရာဇဝင်ရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့မနက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၇၆၀ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပြီလို့ သိရပါတယ်။
မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် Mask စနစ်တကျ အသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။










