DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၃၂၁ ဦးတွင် ရန်ကုန်က ၆၈၆ ဦး၊ မန္တလေးက ၂၆၆ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
December 11, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၃၂၁ ဦးတွင် ရန်ကုန်က ၆၈၆ ဦး၊ မန္တလေးက ၂၆၆ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၃၂၁ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၆၈၆ ယောက်၊ မန္တလေးတိုင်းက ၂၆၆ ယောက်နဲ့ အများဆုံးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၆ နာရီ ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)က ၈၁ ယောက်၊ မြောက် ဉက္ကလာပက ၆၄ ယောက်၊ မင်္ဂလာဒုံက အယောက် ၆၀ စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစုပေါင်း  မြို့နယ် ၄၁ ခုပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၉ ခုမှာ ၂၆၆ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ အယောက် ၃၀၊ ရခိုင်ပြည်နယ်မြို့နယ် ၇ ခုမှာ  ၁၄ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၇ ခုမှာ ၁၀၃ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၁၂ ခုမှာ အယောက် ၅၀၊ မွန်ပြည်နယ်မြို့နယ် ၄ ခုမှာ ၃၁ ယောက် ၊ မကွေးတိုင်းမြို့နယ် ၁၁ ခုမှာ ၃၃ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၅ ခုမှာ ၁၁ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၇ ခုမှာ ၂၆ ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့မှာ ၅ ယောက်၊ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၅ ယောက်၊ နေပြည်တော် မြို့နယ် ၇ ခုမှာ ၁၉ ယောက်၊ ကရင်ပြည်နယ် မြို့နယ် ၄ ခုမှာ  ၄၂ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၂၈၉ ယောက် ပါဝင်တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၁၀၄,၄၈၇ ယောက်၊ သေဆုံးသူ ၂,၂၀၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၈၂,၈၁၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၇၀ ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၄၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013