DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ရေခဲတောင်ခရီးစဉ်သစ် ၂၀၂၁ ခုနှစ်တွင်စတင်မည် 
DVB
·
December 11, 2020
ကချင်ပြည်နယ် ရေခဲတောင်ခရီးစဉ်သစ် ၂၀၂၁ ခုနှစ်တွင်စတင်မည် 
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ထဲမှာ ရေခဲတောင် ခရီးစဉ်သစ်ကို ပထမဆုံးအကြိမ် စတင်သွားလာနိုင်ဖို့ ၂၀၂၁ ခုနှစ်မှာလျာထားတယ်လို့  ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

ဟိုတယ်နဲ့ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ကချင်ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက ”ချီဖွေမြို့နယ်ထဲက ဖီမော်နဲ့ ဆော့လော်ကြားမှာရှိတဲ့ အီမောဘွမ်တောင်ကြောမှာရှိတဲ့ ရေခဲတောင်ကို အမှီပြုပြီးပြည်တွင်းခရီးသွားကို အခုနှစ်မှာ ကျနော်တို့ ခရီးစဉ်ဒေသသစ်လေး ဖော်ဆောင်ဖို့စီစဉ်နေပါတယ်”လို့ ပြောပါတယ်။

အဲ့ဒီခရီးစဉ်ကို ဖေဖော်ဝါရီလအလည်လောက်မှာ သွားဖို့စီစဉ်ထားပြီး အစားအသောက်နဲ့ ဟိုတယ်ခအပါ ကျပ် ၃ သိန်းနဲ့ ကျပ် ၃ သိန်းခွဲဝန်းကျင်ခန့်မှန်းထားကာ နှစ် ၂ ညအိပ် ၃ ရက်ကြာမှာဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှ မိုင်ပေါင်း ၁၄၀ လောက်ဝေးပြီး အဲ့ဒီခရီးစဉ်ကို လိုက်ပါချင်ပါက ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဦးတူးခေါင် ဖုန်းနံပါတ် 095182175 ကို ဆက်သွယ်ပြီး နာမည်စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ပြည်တွင်းခရီးစဉ် ၇၀ ကျော်ရှိပြီး ပူတာအိုခရိုင်အတွင်းမှာလည်း ရေခဲတောင်တွေရှိပေမယ့် ခရီးစဉ် ရက်ကြာမြင့်တာနဲ့ ခရီးစရိတ်ကလည်း ကျပ် ၁၀ သိန်း ဝန်းကျင် လောက်ကုန်ကျတယ်လို့ ဒေသခံတောင်တက်သမားတွေထံက သိရပါတယ်။

သတင်း - မီးမီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013