DVB Logo
Home
မြန်မာသတင်း
နေရပ်ပြန် ထိုင်းနိုင်ငံသားများအရေး နှစ်နိုင်ငံတာဝန်ရှိသူများ တာချီလိတ်တွင် ဆွေးနွေး 
DVB
·
December 9, 2020
နေရပ်ပြန် ထိုင်းနိုင်ငံသားများအရေး နှစ်နိုင်ငံတာဝန်ရှိသူများ တာချီလိတ်တွင် ဆွေးနွေး 
Donate to DVB

တရားမဝင် ပြန်လည်ဝင်ရောက်လာမယ့် ထိုင်းနိုင်ငံသားတွေကို ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေပြီး ဥပဒေအရ အမြန်ဆုံးအကူအညီပေးဖို့ ထိုင်းဘုရင်တပ်မတော် အမှတ် (၃) စစ်ဌာနချုပ်က တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ နေရပ်ပြန်မယ့် ထိုင်းနိုင်ငံသားများအရေး တာချီလိတ်မြို့က တာဝန်ရှိသူတွေနဲ့ လာရောက်ဆွေးနွေးခဲ့ရာမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဘုရင့်တပ်မတော် အမှတ်(၃) စစ်ဌာနချုပ်လက်အောက်မှ ဖာမီစစ်ကြောင်းမှူး ဗိုလ်မှူးချုပ် Narit Htaworawong က”တာချီလိတ်မြို့မှာ နေရပ်ပြန်ဖို့ အခက်အခဲဖြစ်ပေါ်နေတဲ့ တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ဥပဒေအရ အရေးယူပြီးရင် တရားဝင်အမြန်ဆုံးနေရပ်ပြန်လွှတ်စေချင်ပါတယ်။ မဟုတ်ရင် တရားမဝင်လမ်းကြောင်းနဲ့ ပြန်လာကြရင် ရောဂါထိန်းချုပ်ဖို့ ပိုခက်ခဲသွားမှာဆိုးလို့ပါ”လို့ ပြောပါတယ်။

တာချီလိတ်ကနေ တရားမဝင်လမ်းကြောင်းက ပြန်လာတဲ့ ထိုင်းနိုင်ငံသားတွေကတဆင့် ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံအတွင်း ပြည်သူတွေ စိုးရိမ်မှုမြင့်တက်နေတာပါ။

မြန်မာအာဏာပိုင်တွေကလည်း တာချီလိတ်မြို့ထဲမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို စစ်တမ်းကောက်ယူနေပြီး ရောဂါပိုးစစ်ဆေးမှုတွေပြုလုပ်နေကာ တရားရုံးက အမြန်ဆုံး ဒဏ်ငွေချမှတ်ပြီး နေရပ်ပြန်ပို့ဖို့ ဆောင်ရွက်နေပါတယ်။

ဒါပေမဲ့ တချို့သော ထိုင်းနိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင်တွေ ပိတ်ထားတာကြောင့် တရားရုံး ငွေဒဏ်ဆောင်ဖို့ ငွေကြေးအခက်အခဲကြောင့် နေရပ်ပြန်ဖို့ လာရောက်အကြောင်းမကြားဖြစ်မှာကိုလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတာပါ။

ဒါအပြင် ပြစ်မှုကျူးလွန်ပြီး တာချီလိတ်မြို့ထဲ ခိုအောင်းနေထိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေလည်း ရှိနေတဲ့အတွက် သူတို့အနေနဲ့ ရောဂါပိုးလာရောက်စစ်ဆေးမှာမဟုတ်ဘဲ ပိုးကူးစက်ခံထားရပါက ထိန်းချုပ်ဖို့ အခက်အခဲတွေ ရှိနေတာပါ။

သတင်း- ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013