DVB Logo
Home
မြန်မာသတင်း
ကချင်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦးထပ်တွေ့၊ အတည်ပြုလူနာပေါင်း ၃၀၀ ကျော်ရှိလာ
DVB
·
December 8, 2020
ကချင်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦးထပ်တွေ့၊ အတည်ပြုလူနာပေါင်း ၃၀၀ ကျော်ရှိလာ
Donate to DVB

ကချင်ပြည်နယ်အတွင်းကမြို့နယ်တွေမှာ ဒီဇင်ဘာ ၇ ရက်က ကိုဗစ်-၁၉ လူနာသစ် ၁၆ ယောက်ထပ်တိုးပြီး ရောဂါဖြစ်ပွားသူစုစုပေါင်း ၃၁၂ ယောက်ရှိပြီလို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ကချင်တစ်ပြည်နယ်တခုလုံးမှာ  ဒီဇင်ဘာ  ၇ ရက် တစ်ရက်ထဲမှာကိုဗစ်လူနာ ၁၆ယောက်တိုးလာတာဖြစ်တယ်လို့ ကချင်ပြည်နယ် ကိုဗစ်-၁၉ အရေးပေါ်ကုသ​ရေးနဲ့ တုံ့ပြန်ရေးကော်မတီရုံးအဖွဲ့မှူး ဦးတင့်နိုင်က ပြောပါတယ်။

ကချင်တစ်ပြည်နယ်မှာ ကွာရန်တင်းဝင်နေသူ ၁၈၈၈ ယောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါသက်သာပျောက်ကင်းတဲ့သူ ၁၉၆ ယောက်ရှိပြီလို့သိရပြီး ဖားကန့်မြို့နယ်ကတော့ ရောဂါဖြစ်ပွားသူအများဆုံးတွေ့ရှိထားတာပါ။

ဒီဇင်ဘာ ၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ  မြစ်ကြီးနားမြို့မှာ ၃၈ ယောက်၊ ဝိုင်းမော်မြို့မှာ ၃ယောက်၊ တနိုင်းမြို့မှာ ၁ ယောက်၊ မိုးကောင်းမှာ ၈ ယောက်၊ မိုးမောက်မြို့မှာ ၆ ယောက်၊ ဖားကန့်မြို့မှာ ၁၉၅ ယောက်၊ ရွှေကူမြို့မှာ ၂၈ ယောက်၊ မိုးညှင်းမြို့မှာ ၃၃ ယောက် စုစုပေါင်း ၃၁၂ ယောက် ရှိပြီလို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း- မီးမီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013