DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ဆိုင်ခန်းငှားဖွင့်ထားသည့် စားသောက်ဆိုင် ၂၀ ရာခိုင်နှုန်းခန့် ပိတ်သိမ်းရဖွယ်ရှိ
DVB
·
December 7, 2020
ရန်ကုန်တွင် ဆိုင်ခန်းငှားဖွင့်ထားသည့် စားသောက်ဆိုင် ၂၀ ရာခိုင်နှုန်းခန့် ပိတ်သိမ်းရဖွယ်ရှိ
Donate to DVB

ရန်ကုန်မြို့မှာ ဆိုင်ခန်း ငှားရမ်းပြီး ဖွင့်လှစ်ရောင်းချနေတဲ့ စားသောက်ဆိုင်တွေထဲက ၂၀ ရာခိုင်နှုန်းလောက်ဟာ ပိတ်သိမ်းသွားရတော့မယ့် အနေအထားမှာ ရှိနေပါတယ်။  

ကိုဗစ် ၁၉ ရောဂါကြောင့် ပြည်သူတွေအနေနဲ့ မလိုအပ်ရင် အပြင်မထွက်ဘဲ နေအိမ်ထဲမှာပဲ နေကြဖို့၊ အပြင်ထွက်ရင်လည်း ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေလိုက်နာဖို့၊ စားသောက်ဆိုင်တွေ ပါဆယ်ပဲရောင်းချဖို့ ထုတ်ပြန်ထားပါတယ်။ 

ကိုဗစ် ဒုတိယလှိုင်း ကာလမှာလည်း ၃ လနီးပါး ဆိုင်ထိုင်မရောင်းရတာကြောင့် ဝန်ထမ်းအများအပြားနဲ့လုပ်ရတဲ့ စားသောက် ဆိုင်လုပ်ငန်းတွေဟာ အခက်အခဲ အကြပ်အတည်းတွေနဲ့  ရင်ဆိုင်လာရပါတယ်။   

အခုဆိုရင် တင်ပြလာတဲ့ အချက်အလက်တွေအရ ရန်ကုန်ထဲမှာရှိတဲ့ စားသောက်ဆိုင်တွေထဲက ၂၀ ရာခိုင်နှုန်းလောက်ဟာ ပိတ်သိမ်းသွားတော့မယ့်အနေအထား ရှိနေတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း (ဗဟို) ဒုဥက္ကဋ္ဌ  ဦးမြတ်ဆွေမြင့် က ပြောပါတယ်။

လတ်တလောမှာ လုပ်ငန်းအများစု ပုံမှန်လည်ပတ်နေကြသလို လမ်းတွေပေါ်မှာလည်း လူတွေတော်တော်များများ ပြန်လည်သွားလာနေကြပါတယ်။ ဒါပေမယ့် အလုပ်သမား ဝန်ထမ်းများများနဲ့ လည်ပတ်နေရပြီး ပါဆယ်စနစ်နဲ့ သာရောင်းချခွင့်ပြုထားတဲ့ စားသောက်ဆိုင်လို လုပ်ငန်းတွေ အပြီးရပ်နားရမယ့်အခြေအနေ ရှိနေကြပါတယ်။ 

ငှားရမ်းထားတဲ့ဆိုင်တွေ နှစ်ပြည့်သွားရင် ထပ်မငှားနိုင်တော့တာတွေ၊ ဝန်ထမ်းတွေ ပြန်လို့မရတဲ့အတွက်  ဝန်ထမ်းခတွေ၊  စားသောက်စရိတ်တွေအတွက်  အခက်အခဲဖြစ်လာတာ တွေ့ရတယ်လို့ ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကြည်ဝင်းက ပြောပါတယ်။

  ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအကြား ဇွန်လနဲ့ ဇူလိုင်လမှာ အနည်းငယ် ပြန်လည် ဖြေလျှော့ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းတော်တော်များများ ထိခိုက်နေတာတွေဟာ ဒီကနေ့အထိ အဆုံးမသတ်သေးပါဘူး။ ဒီအချိန်မှာ လုပ်ငန်းအားလုံးနီး ပါးဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အခုဆိုရင် ပါဆယ်စနစ်နဲ့သာ ရောင်းချနေရပြီး ဆိုင်ထိုင်စား ခွင့်ပိတ်ထားတဲ့ ကာလတွေကြာလာတော့ စားသောက်ဆိုင်လုပ်ငန်းတွေဟာ ရောင်းအား ထက်ဝက်အောက်လျော့သွားပြီး ခန့်ထားတဲ့ အလုပ်သမားဝန်ထမ်းတွေနဲ့ မိသားစုစားဝတ်နေရေးပါ အခက်အခဲတွေ ရှိလာပါတယ်။ 

စားသောက်ဆိုင်လုပ်ငန်းတစ်ချို့ဆိုရင် ကိုဗစ်စဖြစ်ကတည်းက ပြန်ဖွင့်ဖို့ မျှော်လင့်ချက် မရှိတော့လို့ဆိုပြီး ဖျက်သိမ်းလ်ုက်ရတဲ့အနေအထား တွေ့ရှိလာတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (ဗဟို) က ပြောပါတယ်။ 

နေလင်းအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013