DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် ပေ ၁၇၀၀ ရှိ သစ်ဝါးအသုံးပြု မြစ်ကူးတံတားကို တရက်တည်း အပြီးဆောက်လုပ်
DVB
·
December 6, 2020
ဗန်းမော်တွင် ပေ ၁၇၀၀ ရှိ သစ်ဝါးအသုံးပြု မြစ်ကူးတံတားကို တရက်တည်း အပြီးဆောက်လုပ်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ သစ်နဲ့ဝါးတွေကိုအသုံးပြုပြီး အရှည်ပေ ၁၇၀၀ ရှိတဲ့ တာပိန်မြစ်ကူးတံတားကို ကျေးရွာလူထုအင်အားနဲ့ တစ်ရက်တည်း အပြီးဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့နဲ့တာပိန်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေကို ဖြတ်သန်းသွားလာလို့ရမယ့် တာပိန်မြစ်ကူးတံတားကို ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာသူကျေးရွာသားတွေက ဒီဇင်ဘာ ၅ ရက် မနက် ၈ နာရီက စတင်တည်ဆောက်ခဲ့ကြတာဖြစ်ပြီး ညနေပိုင်းမှာ ပြီးစီးခဲ့တာပါ။

စင့်ကင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက "၁၉၇၄ ခုနှစ်ကစပြီး တံတားတည်ဆောက်ခဲ့တာ၊ တနှစ်မှ မပျက်ဘူး။ အဲ့ကတည်းက ရွာအင်အားနဲ့ပဲ လုပ်ခဲ့တာ။ အရင်တုန်းကတော့ လေးရက်လောက် လုပ်ခဲ့တာ။ အရင်တုန်းက တံတားကြမ်းခင်းက ဝါးချပ်ကြမ်းခင်း အသုံးပြုခဲ့တာ။ ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ်ကစပြီး သွားလာရေး အဆင်ပြေစေရေးအတွက်  ဝါးကြမ်းခင်းအစား ပျဉ်ချပ်အစားထိုးခဲ့တာ" လို့ ပြောပါတယ်။

အဲဒီတံတားကို နှစ်စဉ် တာပိန်မြစ်ရေနည်းပါးချိန်မှာ စတင်တည်ဆောက်ကြတာပြီး မြစ်ရေတိုးချိန် ဇွန်လမှာ တံတားပျက်စီးတာလို့ ဆိုပါတယ်။

ဗန်းမော်မြို့နဲ့ ကူးသန်းသွားလာရာမှာ ကူးတို့ရေယာဉ်နဲ့သာ သွားလာကြရပြီး တံတားတည်ဆောက်တာကြောင့် ဗန်းမော်မြို့နဲ့တစ်ဘက်ခြမ်းကျေးရွာတွေဖြစ်တဲ့ စင့်ကင်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံပြည်သူ  ၂၃၀၀၀ ကျော်လောက် ဗန်းမော်မြို့ကို နေ့ညအချိန်မရွေး ကူးသန်းသွားလာနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာလည်း ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလွင်က ချဉ်းကပ်လမ်းအပါအဝင် ပေ ၂၀၀၀ လောက်ရှိ ကွန်ကရစ်တံတားဆောက်လုပ်ပေးဖို့ မေးမြန်းထားတယ်လို့ သိရပါတယ်။

ကျော်ဇေယျ CJ(ရွှေကူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013