DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန် မန္တလေးခရိုင်တွင် Stay at Home စတင်
DVB
·
December 5, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန် မန္တလေးခရိုင်တွင် Stay at Home စတင်
Donate to DVB

မန္တလေးတိုင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်တာကို ထိန်းချုပ်နိုင်ဖို့ မန္တလေးခရိုင်ကို ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ Stay at Home သတ်မှတ်ပြီး  ကန့်သတ်ချက်တွေကို တိုင်းအစိုးရအဖွဲ့က  ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ထားတဲ့အချက်တွေကို လိုက်နာဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေ နဲ့ ရပ်ကွက်နေ လူထုတို့ ပူးပေါင်းပြီး ဈေးဝယ်ထွက်ခွင့်ကတ်တွေ စစ်ဆေးတာ၊ တက်နိုင်သမျှ အိမ်မှာနေဖို့ အသိပေးတာတွေကို ရပ်ကွက်အလိုက် လုပ်ဆောင်နေပါတယ်။

ဈေးဝယ်ထွက်ရာမှာလည်း ကိုယ့်မြို့နယ်နဲ့ ကိုယ်ဝယ်ရတာဖြစ်ပြီး တခြားမြို့နယ်က လူတွေ ဈေးလာမဝယ်ဖို့ ပြောဆိုရတာတွေရှိကာ ရပ်ကွက်နေ ပြည်သူတွေက စည်းကမ်းလိုက်နာပြီး ပူးပေါင်းတာကို တွေ့ရတယ်လို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ဒါ့အပြင် မဖြစ်မနေ ဖွင့်ရမယ့် ဆိုင်တွေနဲ့ လုပ်ငန်းတွေမှာ လုပ်နေတဲ့ ဝန်ထမ်းတွေအတွက် မြို့နယ် ဖြတ်သန်းသွားလာနိုင်ဖို့ ကတ်တွေကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးတွေမှာ လုပ်ဆောင်ပေးနေပါတယ်။

ဒီလို မြို့နယ်ဖြတ်သန်းသွားလာနိုင်ဖို့ ကတ်လုပ်ပေးတဲ့နေရာမှာ လူစုလူဝေးဖြစ်ပြီး လုပ်ငန်းလိုင်စင်မရှိတဲ့ အသေးစား လုပ်ငန်းလေးတွေနဲ့ လှည့်လည်ရောင်းရတဲ့ လုပ်ငန်းတွေအတွက် အခက်ခဲရှိတယ်လို့ မုန့်ပို့လုပ်ငန်းလုပ်ကိုင်သူ ဦးလှဆန်းဦးက ပြောပါတယ်။

မန္တလေးတိုင်းမှာ မန္တလေးခရိုင်ဟာ ကိုဗစ်-၁၉ ရောဂါပိုး အများဆုံးတွေ့တဲ့ ခရိုင်ဖြစ်ပြီး အခုလို Stay at home သတ်မှတ်လိုက်တဲ့အပေါ် ကောင်းမွန်တဲ့စီမံခန့်ခွဲမှုတခုအဖြစ် မြင်တယ်လို့ KZT ကုန်ပစ္စည်း အိမ်တိုင်ရာရောက် ပို့ဆောင်ရေးလုပ်ငန်းမှ ကိုကျော်ဇင်သန့်က ပြောပါတယ်။

မန္တလေးတိုင်းမှာ ဒီဇင်ဘာလ ၄ ရက်နေ့ အထိ  ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၇၀၂၈ ဦးရှိပြီး မန္တလေးခရိုင်တစ်ခုတည်းမှာ အတည်ပြုလူနာ ၅၆၅၂ ဦးရှိပါတယ်။ 

သေဆုံးသူကတော့ မန္တလေးတိုင်းတစ်တိုင်းလုံးမှာ ၇၄ ဦးထိရှိပြီး ဆေးရုံတက်နေရသူကတော့ ၂၄၀၉ ဦး ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုင်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013