DVB Logo
Home
မြန်မာသတင်း
တရားမဝင် ထိုင်းနိုင်ငံသားများကို ဥပဒေအရ အရေးယူပြီးမှ ပြန်လွှဲပေးမည်
DVB
·
December 5, 2020
တရားမဝင် ထိုင်းနိုင်ငံသားများကို ဥပဒေအရ အရေးယူပြီးမှ ပြန်လွှဲပေးမည်
Donate to DVB

တာချီလိတ်ကနေ နေရပ်ပြန်မယ့် ထိုင်းနိုင်ငံသားတွေထဲမှာ တရားမဝင်ခိုးဝင်လာတဲ့သူတွေပါလာပါက ဥပဒေအရ အရေးယူပြီးမှ ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တရားမဝင်ခိုးပြန်တဲ့ ထိုင်းနိုင်ငံသားတွေကြောင့် ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံထဲ တရားမဝင်ဝင်ရောက်နေထိုင်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်တဲ့နေရာမှာ ဥပဒေအတိုင်း အရေးယူမှုပြုလုပ်ပြီး ပြန်လည်လွှဲပြောင်းပေးဖို့ ထိုင်းအာဏာပိုင်တွေက တောင်းဆိုလာတာလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"သူတို့ဘက်ကို ခိုးပြန်တဲ့ သူတို့နိုင်ငံသားတွေကြောင့် ရောဂါကူးစက်မှုတွေရှိလာတာကို ထိန်းဖို့အတွက် အကူအညီလှမ်းတောင်းတာပါ။ အခုပြန်ချင်တဲ့ ထိုင်းနိုင်ငံသားတွေကို စာရင်းလိုက်ကောက်နေပါတယ်။ တကယ်လို့ အဲ့ဒီထဲမှာ စာရွက်စာတမ်းအထောက်အထားမရှိရင် လဝက အက်နဲ့အရေးယူပြီး ပြန်လွှတ်ပေးမှာပါ။"

လက်ရှိမှာ နေရပ်ပြန်ချင်တဲ့ ထိုင်းနိုင်ငံသား ၁၅၀ လောက်ရှိနေပြီး စာရွက်စာတမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်၊ 

မြန်မာနိုင်ငံရဲ့ လဝက အက်ဥပဒေနဲ့အရေးယူရင်တော့ အနည်းဆုံးငွေဒဏ်ချမှတ်မှာဖြစ်သလို ပြည်နှင်ဒဏ်ပေးပြီး နာမည်ပျက်စာရင်း Black List သွင်းကာ ပြန်လည်ပြည်ဝင်ခွင့်ပိတ်ပင်မယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း တာချီလိတ်မြို့မှာ ကိုဗစ်-၁၉  ရောဂါကူးစက်မှုများလာတာကြောင့် နေရပ်ပြန်ချင်တဲ့ ထိုင်းနိုင်ငံသားတွေများလာတာဖြစ်ပြီး ၁၀ ရက်အတွင်း ကူးစက်သူ ၆၅ ယောက်အထိ ရှိလာနေတာပါ။

ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013