DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့တွင် ပြန်ဖွင့်ခွင့်ပြုခဲ့သည့် စားသောက်ဆိုင်များကို ရှောင်တခင်ဝင်စစ်မည်
DVB
·
December 5, 2020
မြစ်ကြီးနားမြို့တွင် ပြန်ဖွင့်ခွင့်ပြုခဲ့သည့် စားသောက်ဆိုင်များကို ရှောင်တခင်ဝင်စစ်မည်
Donate to DVB

မြစ်ကြီးနားမြို့နယ်မှာ ပြန်လည်ဖွင့်ခွင့်ပေးခဲ့တဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် ၁၁၀ ကို  ရှောင်တခင် ဝင်ရောက်စစ်ဆေးမှာဖြစ်ပြီး ကျန်းမာရေးစည်းကမ်းချက် မလိုက်ပါက ပိတ်သိမ်းသွားမယ်လို့ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ပိတ်ထားခဲ့ရတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ၁၁၀ လောက် ဒီဇင်ဘာ၄ ရက်နေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာပါ။‌

မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက "မြစ်ကြီးနားမြို့နယ်အတွင်းမှာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ၄၀၀ ကျော်ရှိတဲ့အထဲက  နိုဝင်ဘာလအတွင်းမှာ  သက်ဆိုင်ရာ အဖွဲ့တွေဖွဲ့ပြီး လိုက်လံစစ်ဆေးရာမှာ (A) အဆင့်သတ်မှတ်ထားသော ဆိုင်‌ပေါင်း ၁၁၀ ခန့်ကို ဖွင့်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဖွင့်ခွင့်ပြုပြီး နောက်ပိုင်းမှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နယ်မြေပိုင်းခြားပြီး ရှောင်တခင် လိုက်လံစစ်ဆေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြန်လည်ဖွင့်လှစ်ခွင့်ရတဲ့ ဆိုင်တွေအနေနဲ့  လက်သန့်စင်စေတာ၊ ကိုယ်အပူချိန်တိုင်းတာ၊ ဆိုင်အကျယ်အဝန်းနဲ့ နေရာအလိုက် စားပွဲတွေကို တစ်နေရာနှင့်တနေရာ ၆ ပေအကွာ ထားရှိ‌‌စေတာ၊ စားပွဲမှာ အကာများ ထားရှိစေတာ စတဲ့ သတ်မှတ်ချက်တွေ ထားရှိပြီး လိုက်နာမှုမရှိပါက ဆိုင်ကို ပြန်ပိတ်ခိုင်းမယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၇၄ ဦးရှိပြီး ဖားကန့်မြို့နယ်က ၁၆၇ ဦး၊ မြစ်ကြီးနားမြို့နယ်က ၃၅ ဦးနဲ့ အများဆုံးတွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ထူးထူး( ဗိုလ်ကလေး)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013