DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင် မိုးကြိုးကွက်သစ်ရွာတွင် ၃ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၂၀ ရှိလာ
DVB
·
December 5, 2020
ပြင်ဦးလွင် မိုးကြိုးကွက်သစ်ရွာတွင် ၃ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၂၀ ရှိလာ
Donate to DVB

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် မိုးကြိုးကွက်သစ်ရွာမှာ ၃ ရက်အတွင်း လူ ၂၀ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃၀ နေ့က ပထမဆုံး ပိုးစတွေ့တဲ့ မန္တလေးကနေပြန်လာတဲ့ ဈေးသည်တယောက်ရယ်၊ ကထိန်သွားပြီးကူးလာခဲ့တဲ့ နေရပ်အစုံက ကျောင်းဆရာမအုပ်စုထဲက တယောက်ရယ်၊ ပိုးတွေ့လူနာအိမ်သွားလည်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ရှင်ရဲ့ သမီးမှာ ပိုးတွေ့ရာကနေပြီး ကူးစက်ပြန့်ပွားခဲ့တာပါ။ 

ဘယ်ကနေကူးလာကြမှန်းမသိရတော့ နောက်ကြောင်းလိုက်ရင်း ဆေးစစ်ရာက ပိုးတွေ့လူနာ ၂၀ ထိရှိလာတယ်လို့ ပြင်ဦးလွင် အခမဲ့နာမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ထိတွေ့ခဲ့သူတွေကို ဇီးပင်ကြီး ကွာရန်တင်းစင်တာကို ပို့ပေးနေတာ ၁၀၀ ကျော်နေပါပြီ။ မိုးကြိုးကွက်သစ်အပါသုံးရွာကို တခြားဒေသေလူတွေ အဝင်မခံတော့ဘဲ ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့ မရောင်းတော့ဖို့ ယာယီကန့်သတ်ထားပါတယ်လို့ ဦးထွန်းထွန်းက ပြောပါတယ်။

ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးရေးမှူး ဒေါက်တာသန်းဝင်းက "အနံ့ပျောက်လို့ လာရောက်ပြသရာက အုပ်စုလိုက်ကူးစက်မှုမျိုးဖြစ်နေတာ‌ပါ။ ၃ ရက်အတွင်း လူ ၂၀ ကူးစက်ခဲ့တာကြောင့် ဒီရွာတွေမှာ အတော်လေးကူးစက်ပျံ့နှံ့‌နေပြီလို့ သုံးသပ်လို့ရပါတယ်။ မိုးကြိုးရွာမ၊ ကွက်သစ်နဲ့ တောင်ဂေါ်ရခါးစု နေရာတွေကို ယာယီအသွားအလာကန့်သတ်ဖို့ စီစဉ်ထားပြီး၊ တနေရာကနေ တနေရာ မကူးဖို့ လုပ်ထားတယ်” လို့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။

မိုးကြိုးကွက်သစ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ ၉ နှစ်အရွယ်သမီး‌လေးမှာလည်း ဒီဇင်ဘာ ၃ နေ့ ပိုးတွေ့ခဲ့လို့ သမီးငယ် သွားခဲ့တဲ့မွေးနေ့ပွဲမှာ ထိစပ်သူကလေး ၈ ဦးကိုလည်း အသွားအလာကန့်သတ်ထားပါတယ်။

ပိုးတွေ့လူနာပိုများလာပါက PPE, N95 Mask စတဲ့ အကာအကွယ်ပစ္စည်းတွေ မလုံမလောက်ဖြစ်လာမှာ စိုးရိမ်ရတယ်လို့ ဒေါက်တာသန်းဝင်းက ပြောပါတယ်။

ပြင်ဦးလွင် မီးပုံးပျံကွင်းမှာ အဝေးပြေးကုန်တင်ယာဉ်မောင်း ၃၀၀ ကျော်အား  RTD Test kid နဲ့ နေ့စဉ် စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013