DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ်များတွင် ရန်ကုန်က ၈၁၀ ဦး၊ မန္တလေးက ၂၅၁ ဦးဖြင့် အများဆုံးပါဝင်
DVB
·
December 4, 2020
ကိုဗစ်-၁၉ လူနာသစ်များတွင် ရန်ကုန်က ၈၁၀ ဦး၊ မန္တလေးက ၂၅၁ ဦးဖြင့် အများဆုံးပါဝင်
Donate to DVB

ဒီဇင်ဘာ ၃ ရက်ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၄၁၈ ယောက်ထဲမှာ ရန်ကုန်တိုင်းက  ၈၁၀ ယောက်၊ မန္တလေးတိုင်းက ၂၅၁ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ  ၆  နာရီ ထုတ်ပြန်ချက်အရ သိရ ပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံမြို့နယ်က ၇၇ ယောက်၊ တောင်ဥက္က လာပမြို့နယ်က ၇၁ ယောက်၊ မရမ်းကုန်းမြို့နယ်က ၆၆ ယောက်စီနဲ့ အများဆုံး တွေ့ရှိခဲ့ပြီး စုစု ပေါင်း မြို့နယ် ၄၂ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်  ၂၁ ခုမှာ ၂၅၁ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ ၈၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ  ၁၁ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၇ ခုမှာ ၉၈ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၇ ခုမှာ ၅၄ ယောက်၊ မွန် ပြည်နယ်မြို့နယ် ၆ ခုမှာ ၂၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၁ ခုမှာ ၃၃ ယောက်၊ ရှမ်းပြည်နယ်မြို့ နယ် ၁၁ ခုမှာ  ၁၆ ယောက်၊ ကချင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၆  ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၂ ခုမှာ ၇ ယောက်၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ ၂ ယောက်၊ ချင်းပြည်နယ်၊ ဖလန်းမြို့မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ  ၂၆၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း   ၉၅,၀၁၈ ယောက်၊ သေဆုံးသူ ၂,၀၂၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း  ၇၃,၇၄၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၆၅ ဒသမ ၆၅ သန်း ကျော်၊ သေဆုံးသူ ၁ သန်းခွဲကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ  ၄၅ ဒသမ ၄၉ သန်းကျော် ရှိနေ ပြီ ဖြစ်ပါတယ်။

Photo-MOHS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013