DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ အလုပ်လက်မဲ့နှင့် လစာလျှော့ခံရသည့် သတင်းသမား ၃၀၀ ခန့်ရှိလာ
DVB
·
December 4, 2020
ကိုဗစ်ကာလ အလုပ်လက်မဲ့နှင့် လစာလျှော့ခံရသည့် သတင်းသမား ၃၀၀ ခန့်ရှိလာ
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလ အချိန် ၉ လနီးပါးရှိလာချိန်မှာ အလုပ်လက်မဲ့နဲ့ လုပ်ခ လစာလျှော့ခံရတဲ့ သတင်းသမား အယောက် ၃၀၀ လောက်အထိ ရှိလာပြီလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပြောပါတယ်။

ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့၊ လစာလျှော့ခံ ၊ လစာနည်း၊ ကွာရန်တင်းဝင်ရတဲ့ သတင်းသမားတွေကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထောက်ပံ့မှုတချို့ပြုလုပ်ပေး နေတာပါ။ 

လက်ရှိအချိန်အထိစာရင်းတွေအရ မြန်မာတစ်နိုင်ငံလုံးမှာ အလုပ်လက်မဲ့နဲ့ လစာလျှော့ခံရတဲ့ သတင်းသမား ၃၀၀ လောက်အထိရှိနေပြီး အဲ့ဒီအထဲက သတင်းသမား ၁၈၀ လောက်ကို ထောက်ပံ့မှုတချို့ပြုလုပ်ပေးထားတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး  ကိုဒီမင်း က ပြောပါတယ်။

လတ်တလောအချိန်အထိ လုပ်ငန်းရပ်ဆိုင်းသွားတဲ့ သတင်းဌာနပေါင်း ၁၀ ခုနီးပါးရှိလာပြီ ဖြစ်ပြီး တချို့သတင်း ဌာနတွေက ပုံနှိပ်ဖြန့်ချိတာကို ရပ်ဆိုင်းကာ အွန်လိုင်းစနစ်နဲ့ပဲ ဆက်လက် လည်ပတ်နိုင်ပါတော့တယ်။

ကိုဗစ် -၁၉ ကြောင့် စီးပွားရေးရိုက်ခတ်မှုတွေရှိနေသရွေ့ သတင်း မီဒီယာလောက ပြန်ပြီးဦးမော့လာနိုင်ဖို့ခက်မယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ၂ ကိုမြင့်ကျော်က သုံးသပ်ပြောပါတယ်။

ကိုဗစ်ကာလအတွင်း သတင်းသမားတွေဟာ အလုပ်အကိုင်ရှားပါးတဲ့ပြဿနာအပြင် အလုပ်ရှိ တဲ့ သတင်းသမားတွေဟာလည်း ဌာနတွေက ငွေကြေးသုံးစွဲနိုင်မှုအားနည်းလာတာ၊ အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်  စတာတွေကြောင့် အင်တိုက်အားတိုက် အလုပ်လုပ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး စတွေ့တဲ့ မတ်လကုန်ပိုင်းကစပြီး သတင်းဌာနတွေဟာ စီးပွားရေးအကြပ်အတည်းကြောင့် ဝန်ထမ်းအင်အားလျှော့ချတာ၊ ဝန်ထမ်းလစာလျှော့ချတာတွေကို ပြုလုပ်ခဲ့ရတာပါ။ 

လက်ရှိ အချိန်မှာတော့ နာမည်ကြီးသတင်းဌာနတွေတောင် စီးပွားရေးအရရပ်တည်ဖို့ ခက်ခဲလာပြီး အကြပ်အတည်းနဲ့ ကြုံတွေ့နေကြရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013