DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ပြောခွင့်ရသူဟောင်း ဇော်မင်းထွန်း လူမြင်ကွင်း ပြန်ထွက်လာ 
DVB
·
July 22, 2026
Photo: Beikkhu Vicitta
Photo: Beikkhu Vicitta
Donate to DVB

ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ စစ်အာဏာရှင်ရဲ့ ပြောခွင့်ရသူဟောင်း ဇော်မင်းထွန်းဟာ ဇူလိုင် ၁၈ ရက်က  လူမြင်ကွင်းကို ပြန်ထွက်လာပြီး စစ်ခေါင်းဆောင်တွေကိုးကွယ်တဲ့ ဇေယျာသီရိမြို့နယ် ရတနာစံပရိယတ္တိစာသင်တိုက်မှာ မိသားစုနဲ့အတူ ဝါဆိုသင်္ကန်း လာရောက်လှူဒါန်းခဲ့တယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

နေပြည်တော်သတင်းအရင်းအမြစ်က “ရတနာစံပရိယတ္တိစာသင်တိုက်က တပ်က ကိုးကွယ်တဲ့ ကျောင်းပါ။ ဝန်ကြီးတွေရော အကုန်လှူကြတာ။ ဗိုလ်ချုပ်ဇော်မင်းထွန်း မိသားစုတောင်   ဝါဆိုသင်္ကန်း လာကပ်သွားတယ်၊ စစ်ဆေးခံရတာ ပြီးသွားပြီနဲ့တူတယ်” လို့  ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားအတွက် ကြိုးစားပမ်းစား အလုပ်အကျွေးပြုခဲ့လို့ ပြန်ကြားရေးဝန်ကြီး နေရာရမယ်လို့ ရေပန်းစားခဲ့သူ ဇော်မင်းထွန်းဟာ မတ် ၂၃ ရက်က စစ်ခေါင်းဆောင် ခါးအရိုးကျီးပေါင်းခွဲစိတ်နဲ့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်း လူမြင်ကွင်းက ပျောက်သွားတာပါ။

ဒီနောက် အဂတိလိုက်စားမှုတွေ၊ မြေယာ၊ တင်ဒါ၊ ပါမစ် ကိစ္စတွေနဲ့ ဇော်မင်းထွန်းကို စစ်တပ်က ခုံရုံးဖွဲ့ စစ်ဆေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

ပြန်ကြားရေးနဲ့နီးစပ်သူ တယောက်က “ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ တပ်ချုပ်နဲ့ကြား ဘယ်လိုပြဿနာ ဖြစ်သွားလဲတော့ မသိဘူး။ ဗိုလ်ချုပ်ဇော်မင်ထွန်းကို ဖြုတ်ပြီးနောက် စစ်ခေါင်းဆောင်က သူ သမ္မတ ဖြစ်လာတော့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိ သူ့နေရာကို တပ်ကသူတွေလည်း မထားဘူး။ ဒီလိုပဲ ဗိုလ်ချုပ်ဇော်မင်းထွန်း နေရာကို ဗိုလ်မှူးချုပ်ရဲရင့်အောင်ကို ပေးတယ်။ ဒါပေမဲ့ တပ်ရဲ့ ပြောရေးဆိုခွင့် နေရာကို မပေးဘူး။ တပ်ရဲ့ ပြောရေးဆိုခွင့်နေရာကို ဗိုလ်မှူးချုပ်စံညိုကို ပေးတယ်”လို့ ပြောပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်က လက်ရှိမှာ သူ့ရဲ့ပြောရေးဆိုခွင့်နေရာကို လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကိုခန့်အပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းဟာ စစ်တက္ကသိုလ် DSA ၃၇ ကျောင်းဆင်းဖြစ်ပြီး သူနဲ့အပတ်စဥ်တူ သူငယ်ချင်းတွေက ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ဒုဗိုလ်ချုပ်ကြီးဇော်မင်းလတ်၊ ပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်မင်းသူ နဲ့ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ်အောင်စိုးမိုးတို့ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်က ပြန်ကြားရေးဒုခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဟာ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်အဆင့် ရာထူတိုးမြှင့်ခံရပြီး ပြန်ကြားရေးဒုဝန်ကြီးနဲ့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူ ဖြစ်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013