DVB Logo
Home
မြန်မာသတင်း
လိုအပ်သူများအတွက်ကူညီရန် ခီမောင်နှံပရဟိတအဖွဲ့ လှူဒါန်းငွေကျပ်သိန်း ၁,၁၆၀ ကျော်ရရှိထား
DVB
·
December 4, 2020
လိုအပ်သူများအတွက်ကူညီရန် ခီမောင်နှံပရဟိတအဖွဲ့ လှူဒါန်းငွေကျပ်သိန်း ၁,၁၆၀ ကျော်ရရှိထား
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးပထမလှိုင်းကာလမှ လက်ရှိအချိန်ထိ ခီမောင်နှံပရဟိတအဖွဲ့ Free Cash Program for the Needy(FCPN)က လှူဒါန်းငွေကျပ်သိန်း ၁,၁၆၀ ကျော် ရရှိထားတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇဏ်ခီက ဒီဇင်ဘာ ၁ ရက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် လှူဒါန်းမှုစာရင်းနဲ့အတူ ခုလိုရေးသားမျှဝေထား ခဲ့တာပါ။

“ဒီ​နေ့ အကြိမ် ၃၀ မြောက် ပို့ဖြစ်တဲ့လူစာရင်းဖြစ်သလို FCPN Chat box မှာ​လျှောက်ထားသမျှသူ​တွေအကုန်​ပဲဖြစ်ပါတယ်။  ကိုဗစ်-၁၉ ပထမလှိုင်းဖြစ်ချိန်မှ ယ​နေ့အ ချိန်ထိ စုစု​ပေါင်း ကျပ် ၁၁၆,၂၈၀,၀၀၀(သိန်းတစ်​ထောင့်တစ်ရာ​ခြောက်ဆယ့်နှစ်သိန်းနဲ့ ရှစ်​သောင်း) လှူဒါန်းပြီးဖြစ်ပါတယ်။ FCPN ကိုယ်စားဝမ်းသာပီတိဖြစ်ရသလို ဒီအလှူကြီး မှာ ဝင်​ရောက်လှူဒါန်းသူများအားလုံးကိုလည်း အထူး​ကျေးဇူးတင်ရှိပါတယ်”

Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့ကိုတော့ ပြီးခဲ့တဲ့ မေ လတုန်းက ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့က ငွေကျပ် သိန်း ၅၀ နဲ့ မ, တည်ထားခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေး ရမယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားပြီး လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ FCPN အနေနဲ့ ပရဟိတ အဖွဲ့အစည်းတွေဖြစ်တဲ့ We Love Yangon၊ Clean Yangon၊ Braveheart Foundation၊ Y.W.C.A၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းအသင်း(မိတ္ထီလာ)၊ နယ်စည်းမခြား စာနာသူများ We Love Yangon၊ မြန်မာနိုင် ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) စတဲ့ အဖွဲ့တွေက တဆင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့ နေရာအနှံ့က ငွေကြေးအ ခက်အခဲ ဒုက္ခရောက်နေသူတွေကို ထောက်ပံ့ကူညီတာတွေ၊ စစ်ပြေးရှောင်တွေကို ထောက်ပံ့ကူညီတာတွေ၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ချက်ဘောက်စ်ကတဆင့် ဆက်သွယ်အ ကူအညီတောင်းလာတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ FCPN ရဲ့ ချက်ဘောက်စ်ကို ပြန်မဖွင့်ဖြစ်​တော့​ပေမယ့် ဝင် လာသမျှအလှူ​ငွေ​တွေကို​တော့ မြေပြင်​ပေါ်မှာရှိတဲ့ လမ်း​ကြောင်း​တွေမှာ ဆက်လက် လှူ ဒါန်းသွားမှာဖြစ်ကြောင်းလည်း ဇဏ်ခီက အသိပေးထားခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013