DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့တွင် ကိုဗစ်ကာကွယ်ဆေးအတွက် လှူဒါန်းငွေ တနေ့တည်း သိန်း ၂၀၀၀ ခန့်ရရှိ
DVB
·
January 17, 2021
ရွှေဘိုမြို့တွင် ကိုဗစ်ကာကွယ်ဆေးအတွက် လှူဒါန်းငွေ တနေ့တည်း သိန်း ၂၀၀၀ ခန့်ရရှိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့က မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ငွေပဒေသာပင် စတင်စိုက်ထူခဲ့ပြီး တစ်နေ့တည်း သိန်းပေါင်း ၁၈၀၀ ကျော် ရရှိခဲ့ပါတယ်။

လှူဒါန်းရရှိထားတဲ့ငွေကို ကာကွယ်ဆေးရရှိတဲ့အချိန်မှာ ငွေပဒေသာပင်ထဲက စိုက်ထုတ်သုံးစွဲသွားမှာဖြစ်ပြီး အခြေခံလူတန်းစားတွေအတွက် ပထမဦးစားပေး ဆောင်ရွက်သွားမယ်လို့ ငွေပဒေသာပင် စိုက်ထူတဲ့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

ရွှေဘိုမြို့မှာ ကိုဗစ်ကာလ ပြည်သူကနေ ငွေသားလှူဒါန်းတာရော Mask၊ ရေသန့်၊ PPE အစရှိတဲ့ပစ္စည်း လှူဒါန်းတာရော စုစုပေါင်း လှူဒါန်းငွေ သိန်း ၁ သောင်းလောက်ထိ ရရှိနိုင်တယ်လို့ လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်း (TWS) က “ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ကျန်းမာရေး အထောက်အကူပစ္စည်းတွေ လိုအပ်နေလို့ စပြီးအလှူခံလိုက်တာ ခဏလေးနဲ့သိန်း ၃၀၀၀ လောက်ရတယ်။ နောက် ICU အတွက်လည်း အဲလိုပဲ သိန်း ၈၀၀ ကျော်လောက် ရခဲ့တယ်။ နောက် ကွာရန်တင်းစင်တာတွေကို ထမင်းကျွေးတာလည်း မြို့လူထုရဲ့ လှူဒါန်းငွေနဲ့ ကျွေးနိုင်တာ” လို့ ပြောပါတယ်။

ရွှေဘိုမြို့က အသင်းအဖွဲ့ ၁၄ ဖွဲ့လောက်ဟာလည်း ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအတွက် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လှူဒါန်းငွေတွေကို အလေအလွင့်မရှိအောင် စနစ်တကျ သုံးစွဲနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း - အောင်စံလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013