DVB Logo
Home
နိုင်ငံတကာ
ရောဘတ်ကနေဒီ ဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ထရမ့်ပ် အဆိုပြု
DVB
·
November 15, 2024
ရောဘတ်ကနေဒီ ဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ထရမ့်ပ် အဆိုပြု
Donate to DVB

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ အစိုးရအဖွဲ့သစ်မှာ ကိုဗစ်ကာကွယ်ဆေးအပေါ် အယုံအကြည်မရှိတဲ့ ရောဘတ်အက်ဖ် ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ရွေးချယ်လိုက်ပါတယ်။

တသီးပုဂ္ဂလ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကနေဒီဟာ သိပ္ပံပညာရှင်တွေက မှားယွင်းတယ်ဆိုပြီး ထောက်ပြထားတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ဖြန့်ဝေခဲ့ဖူးသူ ဖြစ်ပါတယ်။

အဲဒီခန့်အပ်မှုကို အထက်လွှတ်တော်မှာ အတည်ပြုပြီးရင် ကနေဒီက အစားအသောက် လုံခြုံရေး၊ ဆေးဘက်ဆိုင်ရာ သုတေသနနဲ့ လူမှုဖူလုံရေးအစီအစဉ်စတဲ့ ကိစ္စရပ်များစွာ ပါဝင်မယ့် အစိုးရအေဂျင်စီကြီးတခုကို ဦးဆောင်ရမှာ ဖြစ်ပါတယ်။

‘RFK Jr - ဂျူနီယာ’ ဆိုပြီး သိထားကြတဲ့ ကနေဒီက သူ့လူငယ်ဘဝမှာ ၁၄ နှစ်လောက် ဘိန်းစွဲခဲ့ဖူးတဲ့အတွက် အမေရိကရဲ့ မူးယစ်ဆေးပြဿနာကို ကူညီဖြေရှင်းပေးချင်တယ်လို့ ပြောကြားထားပါတယ်။

အဲဒီနောက် မြောက်ဒါကိုတာပြည်နယ် အုပ်ချုပ်ရေးမှူး ဒေါ့ဂ် ဘာဂမ် ကိုပါ ပြည်ထဲရေးဝန်ကြီးအဖြစ် လျာထားတယ်ဆိုပြီး ထရမ့်ပ်က ကြေညာခဲ့ပါတယ်။

ဘီလီယံနာ စီးပွားရေးသမားဟောင်း ဘာဂမ်ဟာ ရီပတ်ဘလီကန် သမ္မတလောင်း နေရာအတွက် ထရမ့်ပ်နဲ့ ယှဉ်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့်ပ်ရဲ့ ‘နှုတ်ပိတ်ခပေးမှု’ တရားခွင်မှာ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့တဲ့ တော့ဒ် ဗလန့်ချ် ကိုပါ ဒုတိယရှေ့နေချုပ်နေရာနဲ့ ဂျော်ဂျီယာ လွှတ်တော်အမတ်ဟောင်း ဒက်ဂ် ကောလင်းစ် ကတော့ စစ်မှုထမ်းဟောင်းရေးရာဝန်ကြီးအဖြစ် အသီးသီးတာဝန်ယူရဖို့ ရှိနေပါတယ်။

အခုနှစ်ထဲမှာ အသက် ၇၀ ရှိပြီဖြစ်တဲ့ ကနေဒီဟာ ဒီမိုကရက်တစ် သမ္မတလောင်း နေရာအတွက် စတင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ တသီးပုဂ္ဂလအနေနဲ့ ပြောင်းလဲ ရပ်တည်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ကနေဒီက သူ့ရဲ့ မဲဆွယ်စည်းရုံးမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် ထရမ့်ပ်အပေါ်  ထောက်ခံကြောင်း ထုတ်ပြောခဲ့ပါတယ်။

ကနေဒီ ဂျူနီယာဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရှေ့နေချုပ်ဟောင်း ရောဘတ် အက်ဖ် ကနေဒီရဲ့ သားဖြစ်သလို နာမည်ကျော်သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီရဲ့ တူတော်စပ်သူလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့တပတ်ကျော်က အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် ထရမ့်ပ်ဟာ ထိပ်တန်းရာထူးတွေကို ဆက်တိုက်ခန့်အပ်နေတာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန်ပါတီကလည်း အိမ်ဖြူတော် အပါအဝင် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် စတဲ့ ကွန်ဂရက်တခုလုံးကိုပါ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013