DVB Logo
Home
မြန်မာသတင်း
ခီမောင်နှံပရဟိတအဖွဲ့က ငွေကြေးအကူအညီတောင်းခံလာသူ အယောက် ၁၀၀ သို့ ကျပ် ၁၀ သိန်း လှူဒါန်း
DVB
·
September 17, 2020
ခီမောင်နှံပရဟိတအဖွဲ့က ငွေကြေးအကူအညီတောင်းခံလာသူ အယောက် ၁၀၀ သို့ ကျပ် ၁၀ သိန်း လှူဒါန်း
Donate to DVB

       ခီမောင်နှံလို့ ပရိသတ်တွေ သိကြတဲ့ သရုပ်ဆောင် ဇဏ်ခီတို့ ဇနီးမောင်နှံ ဦးဆောင်တဲ့ Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့က ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း ငွေကြေးအကူအညီတောင်းခံလာသူအယောက် ၁၀၀ အတွက် ကျပ် ၁၀ သိန်းကို ပေးပို့လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

       ခုပေးပို့တဲ့စာရင်းမှာ ပါဝင်သူတွေကတော့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စတင်ပြီး လျှောက်ထားသူတွေဖြစ်ကာ ဒီကနေ့မနက် ၁၀ နာရီနောက်ပိုင်းကစ Wave Money ကတဆင့် ငွေလွှဲပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

       Free Cash Program for the Needy(FCPN) အဖွဲ့ကိုတော့ ပြီးခဲ့တဲ့ မေလတုန်းက ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့က ငွေကျပ် သိန်း ၅၀ နဲ့ မတည်ထားခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရမယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားပြီး လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

FCPN အဖွဲ့အနေနဲ့ အလှူငွေတွေကို Wave money တခုထဲနဲ့သာ ပေးအပ်နေတာ မျိုးမဟုတ်ပဲ မြေပြင်မှာ ကိုယ်တိုင်သွားရောက်လှူဒါန်းပေးနေတဲ့ ပရဟိတအဖွဲ့တွေနဲ့ပါ ပူးပေါင်းလှူဒါန်းတာမျိုးတွေ လုပ်ဆောင်နေပြီး လတ်တလောအချိန်ထိ Wave Money က တဆင့် ငွေကြေးအကူအညီတောင်းခံလာသူအယောက် ၆၁၀၀ လောက်ကို ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013