DVB Logo
Home
မြန်မာသတင်း
ခီမောင်နှံပရဟိတအဖွဲ့က လူဦးရေ ၈၀၀၀ ကျော်အတွက် ကျပ်သိန်း ၈၀၀ ကျော် လှူဒါန်း 
DVB
·
June 9, 2020
ခီမောင်နှံပရဟိတအဖွဲ့က လူဦးရေ ၈၀၀၀ ကျော်အတွက် ကျပ်သိန်း ၈၀၀ ကျော် လှူဒါန်း 
Donate to DVB

သရုပ်ဆောင်ဇဏ်ခီတို့ ဇနီးမောင်နှံ ဦးဆောင်တဲ့ Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့တည်ထောင်ခဲ့တာ တလပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ နွမ်းပါးပြည်သူစုစုပေါင်း ၈,၄၁၀ ယောက်ကို ငွေကျပ်သိန်း ၈၀၀ ကျော် လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

       Free Cash Program for the Needy(FCPN) အဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါကပ် ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့အတူ ငွေကျပ် သိန်း ၅၀ စတင်မတည်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရ မယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေကျပ်တသောင်း လွှဲပေးနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီပရဟိတအဖွဲ့လေး တလပြည့် ဝမ်းမြောက်ကြောင်းနဲ့ အလှူရှင် ငွေစာရင်းရှင်းတမ်းတွေနဲ့အတူ သရုပ်ဆောင် ဇဏ်ခီက ခုလိုရေးသားပြီး ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“ဒီနေ့ဟာ FCPN ရဲ့ တစ်လပြည့်ပါ။ Yes! One month!! သိန်း ၅၀ နဲ့စခဲ့တဲ့ idea လေး ကနေ အားလုံးပူးပေါင်းပါဝင်ပြီး အလှူကြီးတစ်ခုဖြစ်လာတာ အားလုံးအတွက် ကျနော် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ၈၄၁ သိန်းကနေ သိန်း ၁၀၀၀ ထိရောက်သွားနိုင်မလားလို့ စိတ်ကူးမိတယ်။ လိုအပ်နေတဲ့သူတွေအများကြီးတွေ့လာတော့ ဆက်တိုက် လှူပေးချင်နေမိတယ်။ အလှူငွေတွေ လည်း ဆက်လက်လက်ခံနေပါတယ်။ တစ်ခါလှူတာ အားမရလို့ အခေါက်ခေါက်အခါခါ လှူချင်ရင်လည်း လှူနိုင်ပါတယ်နော်လို့ပြောရင်း ယုံယုံ ကြည်ကြည်နဲ့လှူနေတဲ့ အလှူရှင်များ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောပါရစေ။ ယုံကြည်မှုမရှိရင် စည်းလုံးမှု မရှိနိုင်ပါဘူး။ စည်းလုံးမှုမရှိရင် ဘာအလုပ်မှ မဖြစ်မြောက်နိုင်ပါဘူး။ I’m so proud of this program #fcpn and I’m so proud of all of you!!!”

လှူဒါန်းမှု ပြုပြီးခဲ့တဲ့ စာရင်းထဲမှာတော့ ရခိုင်စစ်ပြေးရှောင်ဦးရေ ၁၀၀၀ အတွက် ဌာနေ တိုင်းရင်းသားလူမှုဘဝဖွံ့ဖြိုးရေးအသင်းမှတဆင့် လှူဒါန်းမှုပြုခဲ့တဲ့ ငွေကျပ်သိန်း ၁၀၀ အပါအဝင် ပရဟိတ အဖွဲ့အစည်းတွေဖြစ်တဲ့ We Love Yangon၊ Clean Yangon၊ Braveheart Foundation၊ Y.W.C.A၊ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းအသင်း(မိတ္ထီလာ)၊ နယ်စည်းမခြား စာနာသူများ We Love Yangon၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) စတဲ့ အဖွဲ့တွေက တဆင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းစတဲ့ နေရာအနှံ့က ငွေကြေးအခက်အခဲ ဒုက္ခရောက်နေသူတွေကို ကူညီနိုင်ခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013