DVB Logo
Home
မြန်မာသတင်း
ခီမောင်နှံပရဟိတအဖွဲ့က ရခိုင်စစ်ပြေးရှောင် ၁၀၀၀ အတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်း
DVB
·
June 1, 2020
ခီမောင်နှံပရဟိတအဖွဲ့က ရခိုင်စစ်ပြေးရှောင် ၁၀၀၀ အတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်း
Donate to DVB

ခီမောင်နှံလို့ ပရိသတ်တွေ သိကြတဲ့ သရုပ်ဆောင် ဇဏ်ခီတို့ ဇနီးမောင်နှံ ဦး ဆောင်တဲ့ Free Cash Program for the Needy(FCPN) ပရဟိတအဖွဲ့က ရခိုင်ပြည်နယ် ထဲက စစ်ပြေးရှောင်ဌာနေတိုင်းရင်းသား ၁၀၀၀ အတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။

ပြည်တွင်းစစ်အပြင် ကိုဗဏ်-၁၉ ရောဂါနဲ့လည်းကြုံတွေ့ရတဲ့ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ပြွန်ရှည်ချောင်းရွာရှိ ချင်းရွာပေါင်း ၂၃ ရွာမှ ၁၉ ရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် ၁၀ မြို့နယ်နဲ့ အမ်းမြို့နယ်များတွင်နေထိုင်ကြတဲ့ စားဝတ်နေရေး အခက်အခဲပေါင်း များစွာကြုံနေရသော စစ်ပြေးရှောင်ဌာနေတိုင်းရင်းသား (မြို၊ ခမီ၊ သက်၊ ဒိုင်းနက် စသည်)တွေအတွက် FCPN မှ လူအယောက်တစ်ထောင်စာ သိန်း(၁၀၀)ကျပ်ကို တာဝန်ယူ ဖြန့်ဝေပေးမယ့် “ဌာနေတိုင်းရင်းသားလူမှုဘဝဖွံ့ဖြိုးရေးအသင်း” အား ပေးလှူခဲ့ပါတယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မေလ ၂၉ ရက်နေ့က ရေးပါတယ်။

       “ထိုနယ်မှပြည်သူများသည် ရွှေ့ပြောင်းတောင်ယာလယ်သမားများများပြီး စစ်ပွဲပြင်းထန်မှုများကြောင့်စပါးမှည့်ချိန်ကာလတွင် ဝမ်းစာစပါးကိုပင် မရိတ်ပဲ နေနေကြရပါသည်။ ထို့အတွက်ကြောင့် အလှူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ *(ဆက်သွယ်ရေးအခက်အခဲရှိပါသဖြင့် မှတ်တမ်းဓါတ်ပုံများကို ရလျှင် ရချင်း တင်ပေးသွားမည်ဖြစ်ပါသည်။)”လို့လည်း ရေးသားထားပါတယ်။

    Free Cash Program for the Needy(FCPN) အဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး ဇဏ်ခီနဲ့ ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့အတူ ငွေကျပ် သိန်း ၅၀ စတင်မတည်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင် အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရ မယ့် ဖုန်းနံပါတ်တွေ ကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲ ပေးမယ်လို့ အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ ကြေညာထားပါတယ်။

ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာက တဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားပြီး လှူဒါန်း နိုင်ကြောင်း နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013