
ဂျာမန်ဒရုန်းထုတ်လုပ်သူ ကွမ်တန် Systems ဟာ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) က ကျောထောက်နောက်ခံပြု ရင်းနှီးမြှုပ်နှံသူ In-Q-Tel (IQT) ရဲ့ အကူအညီနဲ့ အမေရိကန်ပြည်ထောင်စုမှာ ခြေကုပ်ယူနိုင်ခဲ့တယ်လို့ တွဲဖက်အမှုဆောင်အရာရှိချုပ်က ပြောလိုက်ပါတယ်။
ဥရောပရဲ့ ထွန်းတောက်လာတဲ့ ကာကွယ်ရေးကြယ်ပွင့်တွေကို ပုံဖော်ရာမှာ အမေရိကန်ငွေကြေးနဲ့ ထောက်လှမ်းရေးကွန်ရက်တွေရဲ့ လွှမ်းမိုးမှုကို အလေးပေးပြောကြားခဲ့ပါတယ်။
ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနဲ့ ကြားဖြတ်ဒရုန်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ တွဲဖက်အမှုဆောင်အရာရှိချုပ် စဗင်ခွပ်ခ်က IQT အပါအဝင် အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေဟာ ဝါရှင်တန်မှာ တံခါးတွေဖွင့်ပေးခဲ့ပြီး ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIAနဲ့ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) တို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အပါအဝင် ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
ဒီနေရာမှာ ပထမဆုံးအကြိမ်အဖြစ် ဖော်ပြထားတဲ့ အချက်အလက်တွေထဲမှာ ဥရောပဟာ သူ့စစ်တပ်ကို ပြန်တည်ဆောက်ဖို့ ကြိုးပမ်းနေချိန်မှာ ဂျာမနီရဲ့ အလား အလာအရှိဆုံး ကာကွယ်ရေးကုမ္ပဏီတွေထဲက တခုအပေါ် အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို မီးမောင်းထိုးပြ နေပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားဆီကနေ ဥရောပကို ကာကွယ်ပေးနေတဲ့ မဟာမိတ်အဖွဲ့ NATO ကို စွန့်လွှတ်မယ်လို့ ခြိမ်းခြောက်ပြီးတဲ့နောက် ဂျာမန်အစိုးရက အမေရိကန် အစိုးရအပေါ် မှီခိုမှုကို လျှော့ချဖို့ ကြိုးပမ်းနေပါတယ်။
ထောက်လှမ်းရေးစာချုပ်က လုပ်ငန်းပမာဏဟာ အသင့်အတင့်ဖြစ်ပေမဲ့ ကုမ္ပဏီ တည်ထောင်ပြီးတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ပေးစွမ်းနိုင်ခဲ့တယ်လို့ ခွပ်ခ်က ပြောခဲ့ပါတယ်။
တခြားကာကွယ်ရေးကုမ္ပဏီတွေလိုပဲ အမေရိကန်ပြည်ထောင်စုက ဖောက်သည်တွေအတွက် တီထွင်ထားတဲ့ ကွမ်တန်နည်းပညာကို အမေရိကန်ရဲ့ သဘောတူညီချက်မရှိဘဲ တခြားနေရာမှာ ရောင်းလို့မရပါဘူး။
ဥရောပရဲ့ ကြီးထွားလာတဲ့ ကာကွယ်ရေးကဏ္ဍအတွင်း In-Q-Tel ရဲ့ လွှမ်းမိုးမှု ကြီးထွားလာတာကို ဒီကိစ္စက မီးမောင်းထိုးပြနေပါတယ်။
ဂျာမန်ကာကွယ်ရေးကုမ္ပဏီ စတာ့ခ် အပါအဝင် ကုမ္ပဏီအများအပြားမှာ ရှယ်ယာ တွေပိုင်တဲ့ IQT ဟာ ဂျာမနီလိုနိုင်ငံတွေက စစ်ရေးအသုံးစရိတ်တွေ တိုးမြှင့်လာတာနဲ့အမျှ ဥရောပကို အာရုံစိုက်မှု ပိုမြင့်တက်လာနေပါတယ်။
Source: Reuters











