
ချဲလ်ဆီးအသင်းဟာ အက်စတွန်ဗီလာ ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်ကို ပေါင် ၇ ဒသမ ၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီလို့ BBC အားကစားသတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ဖူလ်ဟမ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပထမမ ဦးစားပေးဂိုးသမား ရောဘတ်ဆန်ချက်ဇ်ရဲ့ လက်စွမ်းပိုင်းအပေါ် စိုးရိမ်မှုရှိလာပြီးနောက် ချဲလ်ဆီးအသင်းဘက်က အခု အပြောင်းအရွှေ့အတွက် ကြိုးပမ်းလာတာဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာ လန်ဒန်မြို့မှာ ဆေးစစ်မှုခံယူဖို့ ရှိနေတယ်လို့ သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဂျပန်ဂိုးသမား ဆူဇူကီကို ခေါ်ယူထားပြီးဖြစ်တာကြောင့် မာတီနက်ဇ် ကို ရောင်းချင်နေတာဖြစ်ပြီး အဲဒီအသင်း ၂ သင်းကြားမှာ အခုနွေရာသီမှာ ကစားသမား အပြောင်းအရွှေ့တွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
မာတီနက်ဇ်ဟာ ဗီလာနဲ့အတူ ယူရိုပါလိဂ်ဖလား ရရှိခဲ့ပြီး အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို လည်း ရောက်ခဲ့တာပါ။
ဒီခေါ်ယူမှုဟာ ရောဘတ်ဆန်းချက်ဇ်ရဲ့ ခြေစွမ်းပိုင်းအပေါ် စိုးရိမ်မှုတွေ ရှိလာပြီးနောက်ပိုင်း ချယ်လ်ဆီးရဲ့ ဂိုးသမားအင်အားကို တောင့်တင်းစေမှာ ဖြစ်ပါတယ်။
ဆန်းချက်ဇ်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ဂျော့ရှ်ကင်းရဲ့ ကန်သွင်းမှုကို လက်ထဲကနေ လွတ်ကျခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း နောက်ထပ် ကန်သွင်းမှုကို ဖမ်းယူရာမှာ အမှားလုပ်ခဲ့လို ဂွန်ဇာလိုဂါစီယာ ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters











