DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံနှင့် ဘုရားကြီးမြို့တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
DVB
·
November 30, 2020
မင်္ဂလာဒုံနှင့် ဘုရားကြီးမြို့တို့တွင် ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်နဲ့ ပဲခူးတိုင်း ဘုရားကြီးမြို့တို့မှာ ငွေကျပ် ၄ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက်က မူးယစ်ဆေးသတင်းရ ဒီးမော့ဆိုမြို့နယ်၊ ယပ်ခူကျေးရွာအနီးမှာ စိုင်းခင်လှ(ခ)ခင်လှ မောင်းနှင်ပြီး ထွန်းကျင်(ခ)ထွန်းစိန်နဲ့ ခိုင်ကိုထွန်း(ခ)ခိုင်ကိုတို့ လိုက်ပါလာတဲ့ Mark II ယာဉ်ကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီယာဉ်နဲ့ အသွင်ယူပြီး မူးယစ်ဆေးဝါးသိုဝှက်သယ်ဆောင်ထားတဲ့ CANTA အမျိုးအစားမော်တော်ယာဉ်ကို လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ရာ လိပ်သို-ယာဒိုက တစ်ဆင့် တောင်ငူ-ပဲခူး-ရန်ကုန်အထိ ဆက်လက်မောင်းနှင်လာခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်အား နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၁ နာရီလောက် ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ ရန်ကုန်တိုးဂိတ်အနီးမှာ စစ်ဆေးရှာဖွေရာ ယာဉ်မောင်းပန်းပန်းနဲ့ CANTA ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက် အံဝှက်ပြုလုပ် သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄,၆၆၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီနောက် အဲဒီမူးယစ်ဆေးဝါးတွေ ယူမယ့်သူတွေကို ဆက်သွယ်ချက်အရ ညနေ ၄ နာရီခွဲလောက်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀,၀၀၀ ပြား လက်ခံယူမယ့် မင်းမင်း(ခ)အောင်အောင်နဲ့ မူးယစ်ဆေးဝါးတွေ ယူဆောင်ခိုင်းတဲ့ ဝေလ၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၆၀,၀၀၀ ပြားအား လက်ခံယူမယ့် ကိုမျိုး(ခ)မျိုးသိုက်နဲ့ ထွန်းထွန်းနိုင်(ခ)ထွန်းမောင်တို့ကို လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်မှာ ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။

အလားတူ နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီလောက်ကလည်း ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အထွက် ရွှေသံလွင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဘုရားကြီးမြို့ဘက်ကနေ ဝေါမြို့ဘက်ကို နေအောင်၊ မောင်းနှင်လာတဲ့ အဖြူရောင် ၁၂ ဘီးအမျိုးအစားမော်တော်ယာဉ်ကို ရှာဖွေရာက စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅,၀၀၀ ပြားသိမ်းဆည်းရမိခဲ့ပါတယ်။

ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ်ချက်အရ ရဲဝင်းအောင်နဲ့ ဖြိုးဝေအောင်တို့မှာ Suzuki အမျိုးအစားယာဉ်နဲ့ ရှေ့ပြေးလမ်းပြယာဉ်အဖြစ်မောင်းနှင်သွားကြောင်းသိရလို့ မော်တော်ယာဉ်အား ကျိုက်ထိုမြို့နယ်၊ စစ်တောင်းတံတားမှာ ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ကနေ ငွေကျပ် ၂.၇၉၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄,၆၆၀,၀၀၀ ပြား သယ်လာတဲ့ တရားခံ ၈ ယောက်နဲ့ ပဲခူးတိုင်း ဘုရားကြီးမြို့မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းကနေ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဆီ ငွေကျပ် ၁.၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၆၆၀,၀၀၀ ပြား သယ်လာတဲ့ တရားခံ ၃ ယောက် စုစုပေါင်း ၁၁ ယောက်ကို ဖမ်းမိခဲ့ပြီး ဥပဒေအရ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013